Posts

Showing posts with the label Romance

နှလုံးသားရဲ့ဆုံမှတ်

Image
နှလုံးသားရဲ့ဆုံမှတ်  ဇာတ်လမ်းအကျဉ်းလေးကတော့ .... ဝါရာဖုန်နဲ့ ဘိုးလ် တို့က အနှစ်နှစ်အလလ ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ဖြစ်ပြီး အနေဝေးလာတဲ့အခါမှာတော့ ဝါရာဖုန့်က ဗီးတီနီး ဆိုတဲ့ ချမ်းသာတဲ့ကောင်မလေးတစ်ယောက်နဲ့ လက်လွန်ခြေလွန်ဖြစ်ပြီး လက်ထပ်တဲ့အထိဖြစ်သွားခဲ့ပါတယ် ။ ချစ်သူရဲ့ သစ္စာဖောက်မှုကိုခံလိုက်ရတဲ့ ဘိုးလ် ဟာ ကလပ်မှာ အရက်တွေသောက်ရင်းနဲ့ပဲ ချစ်သူကိုမေ့နိုင်အောင်ကြိုးစားဖို့လုပ်ရင်း ဆေးခပ်ခံခဲ့ရပါတော့တယ် ။  ကနက်ဖန်ဆိုတဲ့ လူတစ်ယောက်က သူမရဲ့အရှက်နဲ့သိက္ခာကိုကယ်တင်ပေးခဲ့ပေမယ့် ဘိုးလ်ဟာ သူ့ကိုအထင်တွေလွဲသွားခဲ့ပါတယ် ။ နှလုံးရောဂါသည် ညီမလေး ဗီးတီနီကို အလိုလိုက်တဲ့ အစ်ကိုဖြစ်သူ ကနက်ဖန်ဟာ သူ့ညီမလေးရဲ့ပျော်ရွှင်မှုတွေကို ဘိုးလ် ဖျက်ဆီးပစ်မှာမလိုလားတဲ့အတွက်  သူ့ကိုယ်သူ ဘိုးလ်နဲ့လွန်လွန်ကျူးကျူးဖြစ်မိပါတယ် ဆိုပြီး ဘိုးလ်ရဲ့အဖေဆီကနေ ဘိုးလ်ကို လက်ထပ်ဖို့ခွင့်တောင်းခဲ့ပါတယ် ။ ကိုယ့်ကိုယ်ကိုထက် ညီမဖြစ်သူကိုသာပျော်ရွှင်စေချင်တဲ့ ကနက်ဖန်တစ်ယောက်က ဘိုးလ်ကို သူ့ညီမလေးထက်ပိုချစ်မိသွားမလား .... ? 💕 လှည့်စားခံခဲ့ရတဲ့ ဘိုးလ်တစ်ယောက်ကရော ဝါရာဖုန့် ဆီပဲ စိတ်ပြန်လည်မလား ကနက်ဖန်ကိုပဲ ငြိတွယ်သွား မလား .... ? 🤔 နားလည်မ

အတိတ်ရဲ့အလွန်

Image
  သိပ်ချစ်ပါတယ်ဆိုတဲ့ယောကျာ်းတစ်ယောက်ရဲ့ သစ္စာဖောက်ခြင်းခံရပြီး အချစ်ကိုစိတ်ပျက်နေတဲ့ ဖယ်နွန်တစ်ယောက် စိတ်တွေအရမ်းမွန်းကြတ်ပြီး သူ့ကိုအမွေအဖြစ်ချန်ထားပေးတဲ့ သူ့အဖေအိမ်ကို အလည်သွားဖို့ ဆုံးဖြတ်လိုက်တယ် သူ့အဖေအိမ်ကိုရောက်တော့ ရှေးဟောင်းကုတင်တစ်လုံးကိုတွေ့ခဲ့တယ် ဖယ်နွန်ကို လောဝ်ပိန်း ဆိုတဲ့အမျိုးသားနဲ့ တွေ့ဆုံစေဖို့ အဲ့ကုတင်ကအတိတ်ကို  ခေါ်ဆောင်သွားတယ် ဆိုတော့ ဖယ်နွန်တစ်ယောက် လောဝ်ပိန်းနဲ့ ဘယ်လိုပတ်သတ်နေလို့ အတိတ်ကိုရောက်သွားရတာလဲ.. သူ့ကို သစ္စာဖောက်ခဲ့တဲ့ ယောကျာ်းက  သူ့ကို ပြန်ဆက်သွယ်လာတဲ့အချိန်  ဘယ်လို ပြသာနာတွေ ဖြစ်ပေါ်လာမလဲ.. ဆိုတာကိုတော့ ဒီဇာတ်ကားမှာ စောင့်ကြည့်လိုက်ရအောင် Download Here  Episode (1)     Mega / Telegram   Episode (2)    Mega / Telegram Episode (3)    Mega / Telegram Episode (4)    Mega / Telegram Episode (5)    Mega / Telegram Episode (6)    Mega / Telegram Episode (7)    Mega / Telegram Episode (8)    Mega / Telegram Episode (9)    Mega / Telegram Episode (10)  Mega / Telegram [ END ]  1

ယောကျာ်းကောင်းတစ်ယောက်ရဲ့နှလုံးသား

Image
ယောကျာ်းကောင်းတစ်ယောက်ရဲ့နှလုံးသား မန်နွတ်နဲ့ တာရာတို ့ဟာ သိပ်ကိုချစ်ကြတဲ့လင်မယားနှစ်ယော က် မကြာခင်မှာ ကလေးလေးရတော့မှာမို ့သိပ်ကိုပျော်ခဲ့ကြတယ် မန်နွတ်ဟာ သူ ့သူငယ်ချင်း ဘန်ဂျော့နဲ့အတူရုပ်ရှင်လုပ်ငန်း လုပ်တယ် တနေ့မှာ သူ့သူငယ်ချင်းက လုပ်ငန်းကငွေတွေကိုလိမ်နေတဲ့အပြ င် လုပ်ငန်းကို အသုံးချပြီး မူးယစ်ဆေးဝါးတွေ ရောင်းဝယ်နေမှန်းသိသွားခဲ့တယ် ဒီအကြောင်းတွေကို ကိုယ်ဝန်အရင့်မာကြီး မိန်းမဖြစ်သူကို မပြောပဲ ညီမရင်းဖြစ်သူလတ်ကို ဖွင့်ပြောပြခဲ့တယ် နောက်နေ ့မွာပဲ မန်နွတ်လုပ်ကြံခံရပြီး သေဆုံးသွားတယ် တာရာလဲဆေးရုံမှာကလေးမွေးခဲ့တယ် မီးနေသည်တာရာကို စောင့်ရှောက်ပါမယ်ဆိုပြီး ဘန်ဂျော့က တာရာကိုရအောင်လက်ထပ်ယူခဲ့တယ် လတ် သူ ့တူလေးကို ရန်ရှာမှာစိုးရိမ်လို ့ ယောကျာ်းဖြစ်သူ ဒူရမ်နဲ့အတူတူ ကလေးကိုခိုးပြီး တခြားမြို ့မှာဇာတ်မြှုပ်နေခဲ့တယ် အရွယ်ရောက်လာတဲ့နွတ်ပ် ဟာအကြောင်းစုံသိသွားပြီး လက်စားချေဖို ့လုပ်ပါတော့တယ် သူမထင်မှတ်ခဲ့တာက ဘန်ဂျော့ဟာ သူအရမ်းချစ်ရတဲ့ ပင်ပတ်ရဲ့ အဖေဖြစ်နေတာကိုပါပဲ သူဘယ္လို ဆုံးဖြတ်မှာလဲ အခ်စ္လား ကလဲ့စားလားဆိုတာတော့... Episode ( 1 ) Mega Link     Telegram Link Episode ( 2 ) Mega Link     Telegram Link Epi

ကိုရေခဲတုံးရဲ့ဖူးစာ

Image
  ကိုရေခဲတုံးရဲ့ဖူးစာ (completed) ဆန် ဆိုတာက အောင်မြင်ကျော်ကြားတဲ့ Youtuber  တစ်ယောက်ပေါ့နော်။ ဒါပေမယ့် ထူးခြားတာကတော့ တခြားသူတွေရဲ့ စိတ် နဲ့ အတွေးတွေကို ကြားနိုင်တဲ့ စွမ်းအင်ရှိပါတယ်။ သို့သော်လည်း အဲ့ဒီစွမ်းအင်က ဆန့်အတွက် တော်တော်လေး စိတ်ရှုပ်စရာ ကောင်းလှပါတယ်။ ဒါကြောင့်မို့ ဆန်ဟာ အမြဲတမ်း နားကြပ်တပ်ထားပါတော့တယ် လူတွေနဲ့လည်း ရှုပ်ရှုပ်ရှက်ရှက် လိုက်မပတ်သက်တော့ပါဘူး။ အဲ့လို အပြုအမူတွေကြောင့်ပဲ ပရိတ်သတ်တွေက သဘောမကျစပြုလာပြီး ချေတယ် အေးစက်စက်နိုင်တယ်လို့ ထင်သွားပါတော့တယ်။ အလားတူပါပဲ အဲ့ဒီထင်မြင်ချက်တွေကြောင့် အောင်မြင်တဲ့ youtuber ကြီးဖြစ်တဲ့ ဆန်ရဲ့ ဘလော့တွေက ကြည့်ရှုနှူန်းတွေ တစ်စထက် တစ်စ ထိုးကျလာပါတော့တယ်။ အဲ့ဒါကို ဆန် သိရှိသွားတော့ မဖြစ်သေးဘူးဆိုပြီး လူထုနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဆန်တစ်ယောက် လူထုနဲ့ ပြန်အနေနီးဖို့ တစ်ခုခု လုပ်ဖို့ စီစဉ်ခဲ့ပါတော့တယ်။ အဲ့နောက်မှာတော့ ရုတ်တရက် ဆန် တစ်ယောက် အခုမှ နာမည်ရစပြုလာတဲ့ ငယ်ငယ်ရွယ်ရွယ် စာရေးဆရာမလေး တစ်ဦးဖြစ်တဲ့ အန်နာနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ ထပ်ပြီး တိုက်ဆိုင်တာကတော့ အန်နာရဲ့ မန်နေဂျာကပါ ဆန်ရဲ့ ပရိတ်သတ်ဖြစ်နေပါတယ်။ အစတုန်းကတော့ အန်နာ နဲ့ ဆန်နဲ့ အချင်း

Gravity of Love

Image
  Gravity of Love (completed) ဖာ ဆိုတဲ့ကောင်မလေးက ကံကြမ္မာဆိုတာကို အယုံအကြည်မရှိတဲ့သူပါ တစ်နေ့သူ ကံကြမ္မာကိုယုံကြည်တဲ့ ဆင်ဆိုတဲ့လူနဲ့တွေ့ဆုံခဲ့တယ် တေး ဆိုတဲ့ လေယာဉ်မောင်ကလည်းသူ့ကို ငယ်ငယ်လေးကတည်းက ကြိုက်နေတဲ့သူပါ ဖာက အဲ့နှစ်ယောက်ထဲက ဘယ်သူ့ကိုရွေးမှာလဲ ငယ်ငယ်လေးကတည်းက သူ့ကိုချစ်ခဲ့တဲ့သူကိုရွေးမှာလား ကံကြမ္မာကို ယုံကြည်ပြီး သူတို့နှစ်ယောက်ဖူးစာပါလို့ ပြောတဲ့ ဆင်ကို ရွေးချယ်မှာလားဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စောင့်ကြည့်လိုက်ပါ Download Links Mega / Netu / Telegram Subbed & Timing by Shwe Lyann  Edited , Styled & Upload by Mann Mawkunn   **Important facts you should know** Netu sever is only for streaming with lower quality. As I know,you can download videos from Netu sever by IDM. It is suitable if you want to download with lower quality(480p).

ဝရမ်းပြေး

Image
  ဝရမ်းပြေး  ဥပဒေဆိုတာ တစ်ချို့သောသူတွေအတွက်ပဲ အသုံးဝင်တယ်  လူတိုင်းအပေါ် သက်ရောက်မှုမရှိနိုင်ဘူး  တရားမျှတမှုဆိုတာလည်း ထိုနည်းတူစွာပါပဲ လာဘ်ပေးလာဘ်ယူ ကိုယ့်အကျိုးအမြတ်တွေ ပါလာတဲ့အခါမှာ  ဥပဒေ နဲ့ တရားမျှတမှုတို့က အရောင်ပြောင်းသွားတတ်ကြပါတယ် ဥပဒေ နဲ့ တရားမျှတမှုဟာ လူချမ်းသာတွေအတွက်တော့  ပြင်ချင်တိုင်းပြင် ဖျက်ချင်တိုင်း ဖျက်ပစ်နိုင်တဲ့ အရာတစ်ခုလိုဖြစ်ခဲ့ပေမယ့်.... ခံရသူမိသားစုများစွာအတွက် ဥပဒေ နဲ့ တရားမျှတမှုဟာ   ဘဝတစ်ခုလုံးကိုပါ စုတ်ပြတ်သတ်သွားလောက်အောင် အတော်လေး ဆိုးရွားလွန်းပါတယ်  လွန်ခဲ့သောတစ်နှစ်ခန့်က...... ဥပဒေ နဲ့ တရားမျှတမှုကို လက်ကိုင်ထားခဲ့တဲ့ တပ်ထည်ဝါတို့မိသားစုဟာ  သမာဓိရှိလှတဲ့ လုပ်ငန်းတွေကိုသာ လုပ်ကိုင်ခဲ့ကြပါတယ် တစ်နေ့တော့ တပ်ထည်ဝါရဲ့ ဖခင်ဟာ အမှုကြီးတစ်ခုအတွက်  တရားမျှတမှုကို ရှာဖွေဖော်ထုတ်ရင်း  အဲ့အမှုကြီးက နိုင်ငံရေးသမား လူကုန်ထံ လူချမ်းသာ စီးပွားရေးလုပ်ငန်းရှင်လူတစ်စုနဲ့  ပတ်သက်နေတဲ့အခါမှာတော့  သူ့အဖေကို နှုတ်ပိတ်ဖို့ သတ်ခိုင်းလိုက်ပါတော့တယ်  ကံဆိုးလှတော့ မိသားစုနှစ်ပတ်လည်းပွဲမှာ  တပ်ထည်ဝါတို့ မိသားစုလေးယောက်စလုံးကို ရက်စက်စွာ အသတ်ခံလိုက်ရပါတယ်  ကံကောင်းချင်တော့ တပ်ထည်ဝ

အမှန်တရားအတွက်တိုက်ပွဲ

Image
  အမှန်တရားအတွက်တိုက်ပွဲ (completed) အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့... ၁၉၇၀ခုနှစ်လောက်ကဘန်ကောက်မှာ အုပ်စုဖွဲ့ရမ်းကားနေတဲ့လူမိုက်ဂိုဏ်းတစ်ခုအကြောင်းကနေအစပြုထားတာပါ ဂန်နဲ့စန်က လက်ကိုင်တုတ်သိုင်းအကြောင်း သင်ယူနေကြတဲ့  ဆရာကြီးအက်ကနီးရဲ့တပည့်နှစ်ယောက်ဖြစ်သလို သူငယ်ချင်းတွေလည်းဖြစ်ကြတယ် ဂန်ကရဲဖြစ်လာပြီး စန်ရဲ့အဖေကိုဘိန်းဖြူမှောင်ခိုရောင်းဝယ်မှုနဲ့ သံသယဖြစ်လာတာကစပြီးတော့  သူတို့သူငယ်ချင်းဆက်ဆံရေးလည်း ပျက်ပြားခဲ့ရသလို စန်ရဲ့ညီမအန်ချန်နဲ့ဂန်ချစ်ကြိုက်နေကြတဲ့  ဆက်ဆံရေးလေးလည်း နားလည်းမှုအလွဲ‌တွေကြောင့် ပျက်သုဉ်းခဲ့ရတယ်  စန်ကတော့ လက်နက်တွေ ဘိန်းဖြူတွေမှောင်ခိုရောင်းဝယ်တဲ့ လူဆိုးခေါင်းဆောင်ဖြစ်လာခဲ့တယ် ဂန်က အမှန်တရားတိုက်ပွဲအတွက် သူ့သူငယ်ချင်းဖြစ်သူစန်နဲ့ ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ် လူဆိုးနဲ့လူကောင်းအကြားအမှန်တရားအတွက် တိုင်းပြည်နဲ့လူမျိုးအတွက် ရဲရဲရင်ရင့်အသက်ပေးကာကွယ်ကြတာကို  အချစ်ဇာတ်လမ်းလေးနှောပြီးရိုက်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရှုကြဖို့ ပြောချင်ပါတယ် Subbed by YLK Edited , Styled & Upload by Mann Mawkunn  Download here Episo

ကံကြမ္မာနှောင်ဖွဲ့တဲ့ ချစ်ကြိုး

Image
  ကံကြမ္မာနှောင်ဖွဲ့တဲ့ချစ်ကြိုး [ season - 2 ] ဒီဇာတ်လမ်းတွဲလေးကတော့ အဒ်မင်တို့ဘာသာပြန်တင်ဆက်လို့ ပြီးဆုံးသွားပီဖြစ်တဲ့ "ဆုံမှတ်မရှိသောချစ်ခြင်း အလင်္ကာ" ကားလေးရဲ့ ဒုတိယတွဲပဲဖြစ်ပါတယ် ❤️ ဒီ ဒုတိယတွဲလေးကိုတော့ ပီးခဲ့တဲ့ အောက်တိုဘာလ  ကမှ  Ch3 Thailand က ထုတ်လွှင့်ပြသလို့ ပီးတာပဲ ဖြစ်ပါတယ် ☺️ Main Cast _ Ice Panuwat                        Nychaa Nuttanicha  ဇာတ်လမ်းအားလုံးရဲ့ အစကနောင်ကန်လို့ခေါ်တဲ့  ကဲဝိုကျိုင်း ဆိုတဲ့မိန်းမရဲ့ သားလေးကနေစတော့တာ ပါပဲ ....   အဲ့နောင်ကန်လို့အမည်ရတဲ့ ကောင်းလေးက  ငယ်ငယ်ကတည်းက  အဖေအမေနဲ့ မျက်နှာမဆင်ဘူးလို့ ပတ်ဝန်းကျင်ရဲ့ ပြောဆိုမှုတွေကြောင့်သူ့ မိဘအရင်းကဘယ်သူလဲဆိုတာအရမ်းသိချင်နေခဲ့တာပါ .... နောင်ကန်နဲ့ အတူကြီးပြင်းလာတဲ့ နောင်ဆာဆိုတဲ့ကောင်မလေးက ငယ်ငယ်ကတည်းက  ရုပ်ချောသလောက်စိတ်သဘောထားက လှမနေရှာပါဘူး .... အဲ့ကတည်းက  နောင်ဆာက နောင်ကန့်ကို တစ်ဖက်သတ် ကြိုက်နေတာပါ .... ကံမကောင်းချင်တော့အဲ့ကတည်းက နောင်ကန်က လိကေပြဇာတ်ကတဲ့မင်းသမီးလေးတစ်ယောက်ကို  ရင်ထဲမှာရှိနေတာပါ .... အဲ့ကိစ္စကိုသိနေတဲ့နောင်ဆာက ပြဇာတ်မင်းသမီးလေးကို စိတ်ထဲမှာအံကြိတ်ထားပြီး ကျောင်းတက်တော့လည်းသူမ

ကျေးလက်ဖူးစာ

Image
ကျေးလက်ဖူးစာ    ဒီကားလေးကတော့ 2019 တုန်းကထွက်ရှိခဲ့ပီး ဇာတ်သိမ်းပိုင်း Rating 11.4 နဲ့  တစ်နှစ်တာ Rating  အများဆုံးအဖြစ်ရပ်တည်ခဲ့တဲ့ ကားလေးပဲ ဖြစ်ပါ တယ်ခင်ဗျာ 😱🙈 အင်မတန်ရိုပီး အင်မတန်ရယ် ရတဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေးဖြစ်တာမို့ ပရိတ်သတ်တို့  လုံးဝ အကြိုက်တွေ့စေမယ် ဆိုတာ မင်မင်တို့က သိနေလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် 💗 Main Cats _ သော့စ်စပွန် အဖြစ် Weir Sukollawat ချာလိုတွန်   အဖြစ် Stephany Auernig ဇာတ်လမ်းအကျဥ်းလေးကတော့ .... ချာလိုတွန် (သို့) ချီလို လို့အမည်ရတဲ့ ဥစ္စာပေါ ရုပ်ချော အလွန်စွာတဲ့ မမလေး ကတော့ မိဘတွေ ဆုံးသွားပြီးတဲ့နောက်ပိုင်း ဦးလေး , အဒေါ်  စတဲ့ သူတွေဆီမှာ အလိုလိုက်ခြင်းခံထားရတာပါ .... သူမ မိဘတွေထားခဲ့တဲ့ ကုမ္ပဏီကြီးကို စီမံခန့်ခွဲ ရမယ့်သူပေါ့ .... ချီလို မှာ ချစ်ရတဲ့ သွားဆရာဝန်အစ်ကိုကြီး “ဘီ” ဆိုတဲ့သူရှိပါတယ် .... ချီလို အသက်၂၅ နှစ်ပြည့်တော့ သူမတို့ နှစ်ယောက် လက်ထပ်ဖို့စီစဥ်ကြတာပေါ့ .... အဲ့ အစီစဉ်က အထမမြောက်ပဲ ချီလို ရဲ့ အစ်မတစ်ဝမ်းကွဲဖြစ်သူ မို ရဲ့ဖျက်ခုတ်ခြင်း ကို ခံလိုက်ရပါတယ် ..... ဒါ့အပြင် ချီလိုတစ်ယောက် ဦးလေး နဲ့ အဒေါ် ဖြစ်သူတို့ရဲ့ သစ္စာဖောက်ခြင်းကိုလည်း ခံလိ

တမလွန်မှ ကတိကျိန်စာ

Image
တမလွန်မှကတိကျိန်စာ Ch3 မှာလက်ရှိပြသလျှက်ရှိတဲ့ on goingကားလေးကို On going အမှီတင်ဆက်ပေးလိုက်ရပါတယ် Cast တွေအနေနဲ့ကတော့ လက်ရှိမင်မင်တို့ တင်ဆက်ပေးနေတဲ့ ဆုံမှတ်ကားထဲက မင်းသားချောလေးအပြင်  Bangkok to Mandalay ထဲက မင်းသမီးချောလေး Namwhan အပြင် မြန်မာနိုင်ငံကနာမည်ကြီးဇာတ်ကားများဖြစ်ကြတဲ့ ဥပါဉ်တံမျဉ် ladyboy  စသည်တို့မှာ ပါဝင်ထားတဲ့ မင်းသမီး kaew korravee လဲပါဝင်ထားပါသေးတယ် ( ဇာတ်လမ်းအကျဉ်း ) လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က ထိုင်းနိုင်ငံဟာ နိုင်ငံကြီးတစ်ခု မဟုတ်ဘဲ မြို့ငယ်လေးများစွာ ပျံ့ကျဲတည်ရှိနေခဲ့တယ် ထိုမြို့ငယ်များစွာထဲ ကျန်ပါစင်မြို့ဟာတခြားမြို့ငယ်များထက် ကြီးမားပြီး ကုန်သွယ်ရေးစည်ကားဆုံးမြို့တစ်မြို့ဖြစ်ပါတယ် ထိုကျန်ပါစင်မြို့ကို သခင်ကြီး ယို့စရာနဲ့သခင်မဆိုဒရာတို့ အုပ်ချူပ်ခဲ့တယ်  တနေ့ယို့စရာသခင်ကြီးက သာမာန်ကျေးတောသူ ဖဲထော်နဲ့ ချစ်ကြိုးသွယ်ခဲ့တယ် ဒါကို သခင်မဆိုဒရာသိတော့ သူမအပေါ်သခင်ကြီး အချစ်ယုတ်လျော့သွားမှာရယ်  သူ့အာဏာ ယိုယွင်းလာမှာရယ်ကို တွေးကြောက်လာပြီး အောက်လမ်းတွေ သုံးလာတော့တယ် ကာလာခီရီ အမည်ရတဲ့ဝိဉာဉ်ပူဇော်ပွဲကို ကျင်းပပြီး မသေမျိူး တန်ခိုးစွမ်းအားရှင်ဖြစ်လာဖို့လုပ်တော့တယ် ဒါကိုသိသွာ

နေမင်းရဲ့မျက်ရည်စများ

Image
  နေမင်းရဲ့မျက်ရည်စများ  ဒီဇာတ်လမ်းလေးကတော့ တဝမ်(နေမင်း)ဆိုတဲ့  မိန်းမငယ်တစ်ယောက်ရဲ့ မျက်ရည်စလို ဘဝအခက်အခဲပေါင်းစုံကို  ဖော်ကျူးတင်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်  တဝမ်လို့ ခေါ်တဲ့ ကောင်မလေးဟာ ဘွဲ့မရသေးတဲ့  အလုပ်သင် သူနာပြုလေး တစ်ယောက်ပါ  သူမဟာ ပြည့်စုံလွန်းသော စည်းစိတ်ဥစ္စာ ခြံဝိုင်း ကုမ္ပဏီ တို့ကိုပါ  ပိုင်ဆိုင်သော လူချမ်းသာမိသားစုအသိုင်းအဝိုင်းကပေါ့  တဝမ့်မှာ နာမကျန်းဖြစ်နေတဲ့ အမေတစ်ယောက်ရယ်  မဟုတ်ရင် မခံတတ်တဲ့ မောက်မာတတ်တဲ့ ညီမ(ဒွန်ရမ်)တစ်ယောက်လည်း ရှိပါသေးတယ် တစ်နေ့ တဝမ့်ရဲ့ဖခင်ဟာ ယုံကြည်ရတဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်က  ယုတ်မာတာခံလိုက်ရကာ အကြွေးတွေ ပတ်ချာဝိုင်းပြီး  ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်  အဲ့နောက်မှာတော့ တဝမ်တစ်ယောက်  သူ့အဖေ ထားခဲ့တဲ့ အကြွေးပေါင်းများစွာကို  အမကြီး အမိရာ ပီပီ မိသားစုအတွက် အိမ်ထောင်ဦးစီး လုပ်ကာ  အခက်အခဲပေါင်းစုံကို ဖြေရှင်းခဲ့ရပါတော့တယ်  အဲ့အချိန်မှာ ငယ်ငယ်က ရင်းနှီးခဲ့တဲ့ အကိုယုခွန်ဟာ  တဝမ့်ဘဝထဲမှာ ရောက်လာပြီး ကူညီဖြေရှင်းပေးခဲ့ပါတော့တယ်  တကယ်တော့ ယုခွန့်အဖေဟာ တဝမ့်အဖေကို  ကိုယ့်ကိုယ်သတ်သေအောင် လုပ်တဲ့ တရားခံဆိုတာကို တဝမ် မသိခဲ့ရှာ