တမလွန်မှ ကတိကျိန်စာ


တမလွန်မှကတိကျိန်စာ
Ch3 မှာလက်ရှိပြသလျှက်ရှိတဲ့ on goingကားလေးကို
On going အမှီတင်ဆက်ပေးလိုက်ရပါတယ်
Cast တွေအနေနဲ့ကတော့ လက်ရှိမင်မင်တို့ တင်ဆက်ပေးနေတဲ့
ဆုံမှတ်ကားထဲက မင်းသားချောလေးအပြင် 
Bangkok to Mandalay ထဲက
မင်းသမီးချောလေး Namwhan အပြင်
မြန်မာနိုင်ငံကနာမည်ကြီးဇာတ်ကားများဖြစ်ကြတဲ့
ဥပါဉ်တံမျဉ် ladyboy  စသည်တို့မှာ ပါဝင်ထားတဲ့
မင်းသမီး kaew korravee လဲပါဝင်ထားပါသေးတယ်

( ဇာတ်လမ်းအကျဉ်း )
လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က ထိုင်းနိုင်ငံဟာ နိုင်ငံကြီးတစ်ခု
မဟုတ်ဘဲ မြို့ငယ်လေးများစွာ ပျံ့ကျဲတည်ရှိနေခဲ့တယ်
ထိုမြို့ငယ်များစွာထဲ ကျန်ပါစင်မြို့ဟာတခြားမြို့ငယ်များထက်
ကြီးမားပြီး ကုန်သွယ်ရေးစည်ကားဆုံးမြို့တစ်မြို့ဖြစ်ပါတယ်
ထိုကျန်ပါစင်မြို့ကို သခင်ကြီး ယို့စရာနဲ့သခင်မဆိုဒရာတို့
အုပ်ချူပ်ခဲ့တယ် 
တနေ့ယို့စရာသခင်ကြီးက သာမာန်ကျေးတောသူ
ဖဲထော်နဲ့ ချစ်ကြိုးသွယ်ခဲ့တယ် ဒါကို သခင်မဆိုဒရာသိတော့
သူမအပေါ်သခင်ကြီး အချစ်ယုတ်လျော့သွားမှာရယ် 
သူ့အာဏာ ယိုယွင်းလာမှာရယ်ကို တွေးကြောက်လာပြီး
အောက်လမ်းတွေ သုံးလာတော့တယ်
ကာလာခီရီ အမည်ရတဲ့ဝိဉာဉ်ပူဇော်ပွဲကို ကျင်းပပြီး မသေမျိူး
တန်ခိုးစွမ်းအားရှင်ဖြစ်လာဖို့လုပ်တော့တယ်
ဒါကိုသိသွားတဲ့ သခင်ကြီးက သခင်မဆိုဒရာလက်ငါးချောင်းကို
ဖြတ်ပြီး ပူဇော်ပွဲကို တားဆီးပစ်ခဲ့တယ် သခင်မကိုလဲ
ဝိဇ္ဇာအတတ်နဲ့ ကြယ်စုဝေးထဲမှာ ဖမ်းဆီးပိတ်လှောင်ထားခဲ့တယ်
ပူဇော်ပွဲပျက်စီးခဲ့ပေမယ့်လည်း သူမရဲ့လက်ချောင်းတွေဟာ
စွမ်းအားရှိမှော်ကျောက်တုန်းတွေအဖြစ် အသွင်ပြောင်းသွားပြီး
နိုင်ငံအနှံ့မှာ ကွယ်ပျောက်သွားတော့တယ်
သခင်မပိတ်လှောင်ခံရသည့်အချိန်မှစပြီး ကျန်ပါစင်မြို့ဟာ
သခင်မရဲ့ကျိန်စာကြောင့် ကွယ်ပျောက်သွားခဲ့ရတယ်
နှစ်ပေါင်းတထောင်အကြာ ကြယ်စင်တွေကြွေခိုက်
သခင်မဆိုဒရာပြန်လည်လွတ်မြောက်လာပြီး 
သူမရဲ့လက်ချောင်းများကိုပြန်ရှာကာ သူမကို
ပိတ်လှောင်ထားခဲ့သူများကို ပြန်လည်လက်စားချေဖို့
ကြိုးစားတဲ့အခါမှာတော့.....

Episode ( 1 )


Episode ( 2 )


Episode ( 3 )


Episode ( 4 )


Episode ( 5 )


Episode ( 6 )









Comments

Popular posts from this blog

သေတ္တာ နက်ထဲကငိုရှိူက်သံ

ကံကြမ္မာနှောင်ဖွဲ့တဲ့ ချစ်ကြိုး

ကျေးလက်ဖူးစာ