ဝရမ်းပြေး

 


ဝရမ်းပြေး 

ဥပဒေဆိုတာ တစ်ချို့သောသူတွေအတွက်ပဲ အသုံးဝင်တယ် 
လူတိုင်းအပေါ် သက်ရောက်မှုမရှိနိုင်ဘူး 
တရားမျှတမှုဆိုတာလည်း ထိုနည်းတူစွာပါပဲ
လာဘ်ပေးလာဘ်ယူ ကိုယ့်အကျိုးအမြတ်တွေ ပါလာတဲ့အခါမှာ 
ဥပဒေ နဲ့ တရားမျှတမှုတို့က အရောင်ပြောင်းသွားတတ်ကြပါတယ်

ဥပဒေ နဲ့ တရားမျှတမှုဟာ လူချမ်းသာတွေအတွက်တော့ 
ပြင်ချင်တိုင်းပြင် ဖျက်ချင်တိုင်း ဖျက်ပစ်နိုင်တဲ့ အရာတစ်ခုလိုဖြစ်ခဲ့ပေမယ့်....

ခံရသူမိသားစုများစွာအတွက် ဥပဒေ နဲ့ တရားမျှတမှုဟာ  
ဘဝတစ်ခုလုံးကိုပါ စုတ်ပြတ်သတ်သွားလောက်အောင် အတော်လေး ဆိုးရွားလွန်းပါတယ် 

လွန်ခဲ့သောတစ်နှစ်ခန့်က......
ဥပဒေ နဲ့ တရားမျှတမှုကို လက်ကိုင်ထားခဲ့တဲ့ တပ်ထည်ဝါတို့မိသားစုဟာ 
သမာဓိရှိလှတဲ့ လုပ်ငန်းတွေကိုသာ လုပ်ကိုင်ခဲ့ကြပါတယ်
တစ်နေ့တော့ တပ်ထည်ဝါရဲ့ ဖခင်ဟာ အမှုကြီးတစ်ခုအတွက် 
တရားမျှတမှုကို ရှာဖွေဖော်ထုတ်ရင်း 
အဲ့အမှုကြီးက နိုင်ငံရေးသမား လူကုန်ထံ လူချမ်းသာ စီးပွားရေးလုပ်ငန်းရှင်လူတစ်စုနဲ့ 
ပတ်သက်နေတဲ့အခါမှာတော့ 
သူ့အဖေကို နှုတ်ပိတ်ဖို့ သတ်ခိုင်းလိုက်ပါတော့တယ် 

ကံဆိုးလှတော့ မိသားစုနှစ်ပတ်လည်းပွဲမှာ 
တပ်ထည်ဝါတို့ မိသားစုလေးယောက်စလုံးကို ရက်စက်စွာ အသတ်ခံလိုက်ရပါတယ် 

ကံကောင်းချင်တော့ တပ်ထည်ဝါကတော့ ထူးခြားစွာ လွတ်မြောက်သွားပါတော့တယ်
သို့ပေမယ့် အဲ့ဒီအခင်းက ရှေ့နေတစ်ယောက်မှ မလိုက်ပေးရဲသဖြင့်  
လုံးဝအမှုပိတ်လိုက်ရပါတော့တယ် 

တစ်နှစ်ကြာပြီးသည့်နောက်မှာ 
ဥပဒေ နဲ့ တရားမျှတမှုကို လျစ်လျူရှုကာ 
မြို့ပြအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ တပ်ထည်ဝါက 
ကလဲ့စားချေဖို့ ဥရောပကနေ ပြန်ရောက်လာခဲ့ပါတော့တယ် 

ဒါပေမယ့် သတိမေ့လျော့မှုတွေကြောင့် သူချစ်ရတဲ့ မိန်းကလေး နာတာရှာရဲ့ ဖခင်ကို 
လုပ်ကြံသတ်ဖြတ်မိပြီး အဖမ်းခံလိုက်ရပါတော့တယ် 

အဲ့နောက်မှတော့ တပ်ထည်ဝါကို လျို့ဝှက်အဖွဲ့အစည်းတစ်ခုက 
တရားမဝင် မကောင်းတဲ့အလုပ်တွေ လုပ်ကိုင်သူတွေကို 
သုတ်သင်ရှင်းလင်းဖို့ ခေါ်ဆောင်လိုက်ပါတော့တယ်

တစ်နေ့တော့ ကစားပွဲက ပြောင်းသွားပါတော့တယ် 
သူ့ကိုယ်သူ အသုံးချခံဖြစ်နေတာ အလှည့်စားခံဖြစ်နေတာကို 
တပ်ထည်ဝါ သိလိုက်ရတော့ အဲ့ဒီအဖွဲ့အစည်းရဲ့ မကောင်းတဲ့အကြံအစည်တွေကို 
ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတော့တယ်
အဲ့ဒီနောက် ဘာဆက်ဖြစ်မလဲ? 
သူ့ဘဝတစ်ခုလုံးနဲ့ချစ်ရတဲ့သူကို စွန့်လွှတ်ရရင်ရော 
တပ်ထည်ဝါ စွန့်လွှတ်ပြီး ကလဲ့စားပြန်ချေမှာလား? 
ဆိုတာကို စောင့်မျှော်ကြည့်ရှုပါဦးနော် 

Subbed & Timing by Mann Mawkunn
Edited , Styled & Upload by Mann Mawkunn 

**Important facts you should know**

Netu sever is only for streaming with lower quality.
As I know,you can download videos from Netu sever by IDM.
It is suitable if you want to download with lower quality(480p).

Original Song Tracks


Download here 

Episode (1)    Mega / Telegram / Netu
Episode (2)    Mega / Telegram / Netu
Episode (3)    Mega / Telegram / Netu
Episode (4)    Mega / Telegram / Netu
Episode (5)    Mega / Telegram / Netu
Episode (6)    Mega / Telegram / Netu
Episode (7)    Mega / Telegram / Netu
Episode (8)    Mega / Telegram / Netu
Episode (9)    Mega / Telegram / Netu
Episode (10)  Mega / Telegram / Netu
 

Trailer 
 




Comments

Post a Comment

Popular posts from this blog

သေတ္တာ နက်ထဲကငိုရှိူက်သံ

ကံကြမ္မာနှောင်ဖွဲ့တဲ့ ချစ်ကြိုး

ကျေးလက်ဖူးစာ