ဝမ်ထုန်

 


" ဝမ်ထုန် "

Main Cast 
ခွန်ဖန် အဖြစ် Pong Nawat 
ခွန်ချန့် အဖြစ် Krit Shahkrit  
ဝမ်ထုန်/မယ့်ဖင် အဖြစ် Mai Davika 
ဖော့ဝိုင် အဖြစ် Tongtong 

လွန်ခဲ့သော ကလေးဘဝက ခွန်ဖန်ရယ် ခွန်ချန့်ရယ် မယ့်ဖင်ရယ်က 
ကစားဖော် ကစားဖက် သူငယ်ချင်းတွေပါ 

ခွန်ဖန် က‌တော့ မင်းသားလေးတစ်ပါးလို ရုပ်ရည်ချောမောတယ် ထက်မြတ်တယ် 
ဒါပေမယ့် ဆင်းရဲရှာတယ် 
ခွန်ဖန့် ဖခင်သည်လည်း ဘုရင်ဆီမှာ ခစားနေသော စစ်သူရဲကောင်းကြီးတစ်ယောက်ပေါ့

ခွန်ချန့်ကကြတော့ ရုပ်ဆိုးတယ် ဉာဏ်ဖျင်းတယ် ဒါပေမယ့် ချမ်းသာကြွယ်ဝတယ် 

နောက်ပြီး တော်ဝင်မျိုးနွယ်တွေနဲ့ အဆက်အသွယ်ရှိသူ 
အသိုင်းအဝိုင်းက ဆက်သက်လာသူဖြစ်ပါတယ် 

မယ့်ဖင်အသက် ၁၅ နှစ်အရွယ်မှာ အပေါင်းအသင်းကစားဖော်တွေနဲ့ 
ကစားရင်း ခွန်ဖန် နဲ့ တွေ့ခဲ့ပါတော့တယ် 
အဲ့ဒီအချိန်ကတည်းက မယ့်ဖင် နဲ့ ခွန်ဖန်တို့ဟာ 
အချင်းချင် မေတ္တာမျှခဲ့ကြပါတော့တယ် 

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အချိန်အခါ ခွန်ချန့်က မယ့်ဖင်ကို ချစ်နေတာကို သိပြီး 
မိဘတွေနဲ့ လာတင်တောင်းခိုင်းမှာကို မယ့်ဖင် သိလေသောအခါ
သူမ ချစ်ရသူ မောင်ကြီး ခွန်ဖန့်ကို ခွန်ချန့်ထက် ဦးကာ 
မိဘတွေနဲ့ လာတင်တောင်းခိုင်းလိုက်ပါတော့တယ် 

ထိုကိစ္စကို ခွန်ချန့် တစ်ယောက် သိလေသော် မကျေမနပ် ဖြစ်ကာ 
မယ့်ဖင် နဲ့ ခွန်ဖန် တို့ ချစ်သူနှစ်ဦးကြားကို ဝင်နှောက်ယှက်ကာ မယ့်ဖင်ကို မရရအောင် ယူဖို့
နည်းလမ်းမျိုးစုံ ကြိုးစားပါတော့တယ်.....

တစ်နေ့သော် ခွန်ချန့် တစ်ယောက် ခွန်ဖန့်ကို စစ်ဆင်ရေးသွားရဖို့ ကြံစည်လိုက်ပါတော့တယ်
ဒီလိုနေ့ မယ့်ဖင်တို့ လက်ထပ်ပွဲနေ့မှာပဲ ခွန့်ချန့်ရဲ့အကြံအစည်က အောင်မြင်သွားပြီး 
နောက်သုံးရက်နေရင် စစ်ဆင်ရေးထွက်ရန် အကြောင်းဖန်လာပါတော့တယ်
 
ထိုကိစ္စကို သိသော ခွန်ဖန် တစ်ယောက် မငြင်းဆန်နိုင်ကာ 
ခွန်ချန့်လက်ချက်မှန်းသိသိလျက်နဲ့ စစ်ဆေးရေး ပြန်အရောက်မှ တွေ့မယ်ဆိုပြီး မှတ်သားကာ 
မိန်းမဖြစ်သူ မယ့်ဖင်ကို မှာစရာရှိတာ မှာပြီး စစ်ဆင်ရေးကို ထွက်သွားပါတော့တယ် 

ဒီလိုနဲ့ ခင်ပွန်းဖြစ်သူ စစ်ဆင်ရေး သွားနေချိန်မှာ 
မယ့်ဖင် တစ်ယောက် နာမကျန်းဖြစ်လာကာ ကံကောင်းဖို့အတွက် 
ဘုန်းတော်ကြီး တစ်ပါးမှ  
သူမရဲ့နာမည်ကို "မယ့်ဖင်"ကနေ "ဝမ်ထုန်" အဖြစ်ပြောင်းလိုက်ပါတော့တယ်...

အဲ့ဒီနောက်မှာတော့ မယ့်ဖင် နဲ့ ခွန်ဖန်တို့ ဘဝထဲကို 
ခွန်ချန့်တစ်ယောက် ခလောက်ဆန်အောင် ဝင်နှောက်ပါတော့တယ်

နောက်ပြီး မယ့်ဝမ်ထုန် ခေါ် မယ့်ဖင်ကို သူ့မယားအဖြစ် နည်းအမျိုးမျိုးဖြင့် 
လုပ်ကြံကာ သိမ်းပိုက်လိုက်ပါတော့တယ်....

အဲ့ဒီနောက် ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်သာ ကြည့်လိုက်ပါတော့ခင်ဗျာ 

Subbed by Mhoo Htoo
Reviewed , Edtied , Styled & Upload by Mann Mawkunn

Original Song Track 


Download Here 

Episode (1)     Mega / Telegram / Netu
Episode (2)     Mega / Telegram / Netu
Episode (3)     Mega / Telegram / Netu
Episode (4)     Mega / Telegram / Netu
Episode (5)     Mega / Telegram / Netu
Episode (6)     Mega / Telegram / Netu















Comments

  1. ကျေးဇူးပါ။ ep 6 လေး link ပြန်တင်ပေးပါဦးနော် အဆင် ပြေရင်

    ReplyDelete
  2. အပိုင်းသစ်တွေတင်ပေးပါဦးနော်

    ReplyDelete
  3. အပိုင်းသစ်တွေ ဆက်ပြီးတင်ပေးပါဦးဗျ

    ReplyDelete

Post a Comment

Popular posts from this blog

သေတ္တာ နက်ထဲကငိုရှိူက်သံ

ကံကြမ္မာနှောင်ဖွဲ့တဲ့ ချစ်ကြိုး

ကျေးလက်ဖူးစာ