Posts

နေမင်းရဲ့မျက်ရည်စများ

Image
  နေမင်းရဲ့မျက်ရည်စများ  ဒီဇာတ်လမ်းလေးကတော့ တဝမ်(နေမင်း)ဆိုတဲ့  မိန်းမငယ်တစ်ယောက်ရဲ့ မျက်ရည်စလို ဘဝအခက်အခဲပေါင်းစုံကို  ဖော်ကျူးတင်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်  တဝမ်လို့ ခေါ်တဲ့ ကောင်မလေးဟာ ဘွဲ့မရသေးတဲ့  အလုပ်သင် သူနာပြုလေး တစ်ယောက်ပါ  သူမဟာ ပြည့်စုံလွန်းသော စည်းစိတ်ဥစ္စာ ခြံဝိုင်း ကုမ္ပဏီ တို့ကိုပါ  ပိုင်ဆိုင်သော လူချမ်းသာမိသားစုအသိုင်းအဝိုင်းကပေါ့  တဝမ့်မှာ နာမကျန်းဖြစ်နေတဲ့ အမေတစ်ယောက်ရယ်  မဟုတ်ရင် မခံတတ်တဲ့ မောက်မာတတ်တဲ့ ညီမ(ဒွန်ရမ်)တစ်ယောက်လည်း ရှိပါသေးတယ် တစ်နေ့ တဝမ့်ရဲ့ဖခင်ဟာ ယုံကြည်ရတဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်က  ယုတ်မာတာခံလိုက်ရကာ အကြွေးတွေ ပတ်ချာဝိုင်းပြီး  ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်  အဲ့နောက်မှာတော့ တဝမ်တစ်ယောက်  သူ့အဖေ ထားခဲ့တဲ့ အကြွေးပေါင်းများစွာကို  အမကြီး အမိရာ ပီပီ မိသားစုအတွက် အိမ်ထောင်ဦးစီး လုပ်ကာ  အခက်အခဲပေါင်းစုံကို ဖြေရှင်းခဲ့ရပါတော့တယ်  အဲ့အချိန်မှာ ငယ်ငယ်က ရင်းနှီးခဲ့တဲ့ အကိုယုခွန်ဟာ  တဝမ့်ဘဝထဲမှာ ရောက်လာပြီး ကူညီဖြေရှင်းပေးခဲ့ပါတော့တယ်  တကယ်တော့ ယုခွန့်အဖေဟာ တဝမ့်အဖေကို  ကိုယ့်ကိုယ်သတ်သေအောင် လုပ်တဲ့ တရားခံဆိုတာကို တဝမ် မသိခဲ့ရှာ

နေရောင်ခြည်ထက်ကဓူဝံကြယ်

Image
  နေရောင်ခြည်ထက်ကဓူဝံကြယ်   ဇာတ်လေးအကျဉ်းလေးကတော့  ညီဖြစ်သူ စီဝပ် ပဟေဠိဆန်ဆန် သေဆုံးသွားတဲ့နောက်မှာ  အကိုဖြစ်သူ ကွန်က စီဝပ်အဖြစ်ဟန်ဆောင်ပြီး အမှန်တရားရှာဖွေဖို့  ခမ်မာဝပ်အုပ်စုထဲဝင်ရောက်လာခဲ့ပြီး  ချောပရယ်, စီဝပ်ရဲ့လျို့ဝှက်ချစ်သူအပါအဝင်  သံသယရှိနိုင်တဲ့လူမှန်သမျှကို စုံစမ်းခဲ့ပါတယ်  ချောပရယ်ရဲ့တူမအရင်းလုပ်သူ ဒေါင်ပရာဒေါပ်ဟာ  စီဝပ်နဲ့ ချောပရယ်ကြားသံသယဝင်ရာမှ  သူတို့နှစ်ဦးကြား ဝင်ရောက်ဖို့ကြိုးစားရင်း  ဒေါင်ပရာဒေါပ်နဲ့ စီဝပ်တို့ နီးစပ်လာခဲ့ပြီး   ချစ်ခြင်းအဖြစ်အသွင်ပြောင်းသွားမလား သူတို့နှစ်ဦးရှာဖွေဖို့ကြိုးစားနေတဲ့အမှန်တရားနဲ့  နီးကပ်လာတာနဲ့အမျှ နောက်ဆုံးမှာ  တကယ်ဗီလိန်က သူတို့လုံးဝမမျှော်လင့်ထားတဲ့လူ ဖြစ်လာမှာလားဆိုတာ  စောင့်မျှော်အားပေးကြည့်ရှုလိုက်ရအောင်နော်  Subbed & Timing  by Chit Cho  Edited & Styled     by Mann Mawkunn  No: of episode       18 Network                 Ch 7 Thailand Brought to you       by Thai Series Fan  Original Song Tracks Download here  Episode (1)    Mega / Telegram / OK RU Episode (2)    Mega / Telegram / OK RU Episode (3)    Mega / Telegram

Hi-so Tom ရဲ့ Jerry စွာတေး

Image
  " 🐱🐻 Hi-so Tom ရဲ့ Jerry စွာတေး  🐱🐻 " (completed) ဒီဇာတ်လမ်းတွဲလေးရဲ့ အကြောင်းကတော့  အမြဲ မတည့်အတူနေ မမြင်ရင် ချောင်းကြည့်ဆိုသလို  ကြောင်နဲ့ကြွက်လို စွာတေးလေးနှစ်ယောက်ရဲ့  Romantic ဆန်ဆန် အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်နော်  ပန်တကန် ဆိုတဲ့ကောင်လေးဟာ  Hi-so(သူဌေး)ရဲ့တစ်ဦးတည်းသော သားတစ်ယောက်ပေါ့.... သူဌေးသား ဖြစ်နေပြီးဆိုကတည်းက ပန်ဆိုတာက  ဂျစ်ကန်ကန် ခပ်မာမာ အချေကောင်လေးပေါ့  သူ့ဖေဖေ နဲ့ မေမေ ရဲ့ ဆက်ဆံရေးရဲ့ ရိုက်ခတ်မှု  သူ့ဖေဖေ အိမ်ပေါ်ခေါ်တင်ထားတဲ့ ချောမွန်ဆိုတဲ့  အမျိုးသမီး(မယားငယ်)ကို မုန်းတီးမှုတွေကြောင့်  အချစ်ဆိုတာကြီးကို အယုံအကြည်မရှိလေဘူး  ချစ်လည်း မချစ်တတ်ခဲ့ဘူးပေါ့  တစ်နေ့တော့ ပန်တစ်ယောက် အမေရိကကနေ ထိုင်းကို ပြန်အရောက်  စားသောက်ဆိုင်မှာ bill (ကျသင့်ငွေ) ရှင်းမယ်အလုပ်  ပိုက်ဆံအိတ် မေ့နေခဲ့သော အခါ  ပရာဖိုင်ဆိုတဲ့ ကောင်မလေး နဲ့ တွေ့ပါလေရော...... အမှတ်မထင်တွေ့တာပေါ့ သူတို့နှစ်ဦးက......  ဒါပေမယ့် အလွဲလေးတွေကနေ  အမှတ်တမဲ့ ဖြစ်ကာ ဆုံတယ်လို့ ဆိုရမှာပေါ့  ဖြစ်ပုံကတော့ ဒီလိုပါ  ပရာဖိုင်ဆိုတဲ့ ကောင်မလေးက သူ့အဘိုးဖြစ်သူဆီက ရထားတဲ့  ပညာလေးတွေနဲ့ ထိုင်းအချိုပွဲတွေကို live လွှင

ရွှေနန်းထက်ကတော်ဝင်မင်းသမီး [ Master Edition ]

Image
  👑 ရွှေနန်းထက်ကတော်ဝင်မင်းသမီး 👑 (completed) ဇာတ်လမ်းအကျဉ်းလေးကတော့ .... ဟာရီဆော့တိုင်းပြည်က အိမ်ရှေ့စံမင်းသမီးလေး အဲလစ်ဟာ နန်းတက်ပွဲလုပ်ပြီးတဲ့အချိန်ကစပီး အန္တရယ်တွေ လုပ်ကြံခံရမှုတွေနဲ့ ကြုံတွေ့ရတယ် ..... ဒါကြောင့်မို့ မင်းသမီးအဲလစ်ရဲ့အဘိုးဖြစ်သူ ဟာရီဆော့တိုင်းပြည်ရဲ့ ဟင်နရီဘုရင်မင်းမြတ်က မြေးတော်ဖြစ်သူဘေးကင်းအောင်လို့ ထိုင်းနိုင်ငံမှာ သာမန်အရပ်သူအဖြစ် ဟန်ဆောင်ပီး ခဏသွားနေခိုင်းလိုက်ပါတယ် .... အဲလစ်မင်းသမီး ထိုင်းမှာနေစဉ်အတွင်း ရေတပ်ဗိုလ်မှူးဖြစ်တဲ့ဒါဝင်က မင်းသမီးရဲ့ကိုယ်ရံတော်အဖြစ် ကာကွယ်စောင့်ရှောက််ဖို့ အကြောင်းဖန်လာပါတော့တယ် .... ရန်သူတွေဝိုင်းနေတဲ့ မင်းသမီးအဲလစ်က သွေးအေးပြီး ဘယ်သူ့ကိုမှမယုံကြည်တဲ့ပုံပေါက်ပေမယ့်လည်း အမှန်တကယ်တော့ သူ့ကိုတကယ်ချစ်မြတ်နိုးပြီး လက်ခံယုံကြည်ပေးမဲ့သူကို အလိုရှိနေတာပါ .... ဗိုလ်မှူးဒါဝင်ကတော့ ဘယ်မိန်းကလေးကိုမှ သဘော မကျသလို အချစ်ကိုလည်းစိတ်မဝင်စားတဲ့ ယောကျ်ားတစ်ယောက်ပေါ့ ....  မင်းသမီးအဲလစ်ရော ကိုယ်ရံတော်ဒါဝင်ရဲ့ ကာကွယ် ပေးမှုနဲ့ မကောင်းတဲ့လူတွေလက်ကနေ လွတ်မြောက်ပြီး ဟာရီဆော့တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရမှာလား .... ? ဂုဏ်ဒြပ် အဆင့်အတန်းမတူညီတဲ့ အိမ်ရှေ့စ

တိုက်စားခံလိုက်ရသောသဲသောင်ပြင်

Image
  တိုက်စားခံလိုက်ရသောသဲသောင်ပြင်  ဇာတ်လမ်းအကျဉ်းလေးကတော့ .... ဂျာရွန် ဆိုတဲ့ကောင်လေးက မိဘတွေရဲ့ အလိုလိုက် မှုတွေကြောင့် ဆိုးသွမ်းပျက်စီး နေတဲ့ Play Boy လေး တစ်ယောက်ပေါ့ .... ထက် ဆိုတဲ့ မိန်းကလေးက ထက်မြတ်ပီးလှပတဲ့  မိန်းမလှလေးပေါ့ ..... သူမ ကျောင်းပြီးတော့ သူမ မိဘတွေစီစဉ်ပေးတဲ့  ချမ်းသာတဲ့အသိုင်းဝိုင်းထဲက ဂျာရွန် လို့ အမည်ရတဲ့ လူတစ်ယောက် နဲ့ လက်ထပ်ဖို့လက်ခံလိုက်ရပါတယ် .... လက်ထပ်ပွဲမှာ စာတစ်စောင် သူမဆီ ရောက်လာ ခဲ့ပါတယ် ..... အဲ့စာထဲမှာရေးထားတဲ့ အရာကြောင့် သူမ လက်ထပ် ရမယ့်လူကို သံသယဝင်လာပါတော့တယ် .... လက်ထပ်ပြီးမကြာခင်မှာ သူမအိမ်ထောင်ဖက်ရဲ့  အကျင့်စရိုက်တွေကို သိခဲ့ရပါတော့တယ် .... သူမ အိမ်ထောင်ဖက်ရဲ့ အကျင့်စရိုက် ဆိုတာကတော့ မိန်းမတကာနဲ့ ဖောက်ပြန်တယ်ဆိုတဲ့ အင်မတန်ယုတ်ညံ့ တဲ့ အကျင့်စရိုက်ပဲဖြစ်ပါတယ် .... ပြီးတော့ သူ့ခင်ပွန်းကို ပြောင်းလဲလို့ မရဘူးဆိုတာ သူနားလည်သွားတယ် ထက်လို ကျောင်းပီးခါစ ငယ်ရွယ်ပီးလှပတဲ့ အမျိူးသမီးငယ်လေးတစ်ယောက်က အကျင့်စရိုက် မကောင်းတဲ့ယောက်ျားကိုမှ လက်ထပ်လိုက်ရတာကြောင့် ဘယ်လို လောကဓံ  တွေကို ခံရမလဲ .... 🥺 ထက်တစ်ယောက် အဲ့ဒီဝန်တွေကိုရော ခံနိုင်ပါ့မလား ?? သူမရဲ့ ခင်ပွန်းဖြ

သတို့သမီးလေးမတ်စရာ

Image
  "သတို့သမီးလေးမတ်စရာ" (completed) မတ်စရာဆိုတဲ့ မိန်းမငယ်လေး ရဲ့ဖခင်ဟာ  ရတ်တနာမဟာဆန်း တော်ဝင် မိသားစုရဲ့မွေးစားသားတစ်ယောက်ပါ  အဲ့ဒီနောက်မှာတော့ မွေးစား အမေ သဘောမတူတဲ့ မလေးအနွယ် မိန်းကလေးတစ်ယောက် နဲ့ လက်ထပ်ပြီး မတ်စရာလေးဆိုတဲ့ မိန်းကလေးငယ်လေးကို မွေးဖွားခဲ့ပါတော့တယ်  သဘောမတူတဲ့ကြားက လပ်ထပ်ခဲ့တဲ့ အတွက် မတ်စရာရဲ့အဖေက  မိသားစုဝင် အဖြစ်ကနေ စွန့်ပစ်ခံလိုက်ရပါတော့တယ်  ဒီလိုနဲ့ပဲ မတ်စရာ ရဲ့မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီ မတ်စရာကို  အဖိုးဖြစ်သူကနေပြီး ခေါ်ယူစောင့်ရှာက်ပေးခဲ့တယ်  နှစ်များစွာကြာပြီးသည့်နောက် မတ်စရာဆိုတဲ့ ကောင်မလေးဟာ ကျားကျားယားယားနဲ့ခပ်စွာစွာ မိန်းကလေးအနေနဲ့ကြီးပြင်းလာပါတော့တယ်  မတ်စရာ အဖေရဲ့မွေးစားအမေကလည်း သူလုပ်ခဲ့တဲ့အရာအတွက် အပြစ်ရှိသလိုခံစားရပြီး  သူမရဲ့မြေး ဗိုလ်ကြီးလတ်ကို မတ်စရာကို ရအောင်ပြန်ခေါ်လာဖို့ အမိန့်ပေးခဲ့ရာ...... စည်းလွတ်ဝါးလွတ်နေခဲ့တဲ့ မတ်စရာလေး တစ်ယောက် ရတ်တနာမဟာဆန်အိမ်ကို ရောက်လာပြီး အိတ်တော်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို သူမ လိုက်နာသင်ယူနိုင်ပါ့မလား?? သူမကို အမြဲအထင်မြင်သေးပြီး အိမ်ကနေမောင်းထုတ်ဖို့ အမြဲကြံစည်နေတဲ့ သူမအဒေါ်မိသားစုနဲ့ရော သူမ ဘာတွေကြုံတွေ့ရမ

ကျိန်စာသင့်တဲ့ချစ်ခြင်း

Image
💟 ကျိန်စာသင့်တဲ့ချစ်ခြင်း 💟 ပလွိုင်ရမ်ပါဆိုတဲ့ တော်ဝင်မိန်းမငယ်လေးတစ်ယောက်က  ပါကင်ဆိုတဲ့ကောင်လေးတစ်ယောက်ကို  မတော်တဆအဖြစ်အပျက်တစ်ခုကြောင့် ချစ်ကြိုက်သွားပါတော့တယ် အမှန်တော့ ပါကင်က သာမန်လူတစ်ယောက်မဟုတ်ပါဘူး  ခန္ဓာကိုယ်အတွင်းထဲမှာ ဆွာဆမင်(ထူးဆန်းသောကျား)ရဲ့စိတ် ပိတ်မိနေတဲ့တစ်ယောက်ပါ  နောက်ပြီး ပါကင် အသက် ၂၅ နှစ်ပြည့်တဲ့အခါ  လူတစ်ပိုင်း ကျားတစ်ပိုင်း အဖြစ်သို့ လုံးဝပြောင်းလဲသွားရမှာပါ  ထိုအကြောင်းကို ပါကင့်မိဘတွေကို လုပ်ကြံခဲ့တဲ့ ကုန်ဒတ် သိသွားတဲ့အခါမှာ  ပါကင့်ကိုယ်ထဲက သက်စောင့်ဆေးမှော်ကို ထုတ်ယူဖို့ ကြံစည်တိုက်ခိုက်ခဲ့ပါတော့တယ်  ပလွိုင်ရမ်ပါ တစ်ယောက် ပါကင်က လူမဟုတ်မှန်း သိပေမယ့်လည်း  ဘာမှဂရုမစိုက်ပဲ နက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့အခါမှာ..... သူတို့နှစ်ဦးရဲ့အချစ်စစ်က ပါကင့်ကို စင်စစ်လူပြန်ဖြစ်အောင် လုပ်သွားနိုင်မလား ?  ပါကင်ကရော ကုန်ဒတ်တို့ မုဆိုးတစ်သိုက်လက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား    နောက် ပါကင့်မှာရှိနေတဲ့ မထင်မှတ်ထားတဲ့ လျို့ဝှက်ချက် ခြားနားချက်တွေကလည်း ဘာတွေလဲ ?  စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်  Subbed by Mann Mawkunn /  Edited & Timing by Thai Series Fan 

စပျစ်ဥယျာဉ်ထဲကအနမ်းဝိုင်

Image
🍇 စပျစ်ဥယျာဉ်ထဲကအနမ်းဝိုင် 🍇 (completed) ကိုယ်ပိုင်စပျစ်ခြံပိုင်ရှင်ကြီးဖြစ်ဖို့ စိတ်ကူးယဉ်ထားတဲ့ ကောင်မလေး ဘွတ်စဘားဘန်ဟာ တစ်နေ့တော့ ချစ်သူဖြစ်သူက စပျစ်ခြံကြီးစိုက်ရအောင်ဟုဆိုပြီး အဖေဖြစ်သူထံမှ‌ ငွေချေးပြီး လိမ်ပြေးသွားတာ ခံလိုက်ရပါတော့တယ်  အဲ့အချိန်မှာပဲ မိသားစုစီးပွားရေးအခက်အခဲလေးကြောင့်  ဖူဖာစပျစ်ခြံက စိုက်ခင်းမန်နေဂျာခေါ်တုန်း စမ်းအလုပ်လျှောက်ခဲ့ပါတော့တယ်  အဲ့မှာပဲ အဲ့ဒီစိုက်ခင်းပိုင်ရှင်ရဲ့သားနှစ်ထဲမှ အငယ်ဖြစ်သူ ဒင် က  ဘွတ်စဘားဘန့်ကို အရင်ကတည်းက တွေ့ဖူးပြီး  သူ့စိတ်ဓာတ်လေးကို သဘောကျသလိုဖြစ်သွားတော့  ဘွတ်စဘားဘန့်ကို အလုပ်ခန်းဖို့ အစ်ကိုဖြစ်သူ ဖူဝဒွန်ကို ပြောခိုင်းလိုက်ပါတော့တယ်  နောက်ပြီး သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပါတော့တယ်  အဲ့ဒါကတော့ သူ ဘယ်သူလဲဆိုတာ ဘွတ်စဘားဘန်ကို မပြောဖို့ နှုတ်ပိတ်ပေးဖို့ပြောခဲ့ပါတော့တယ်  အမှန်တကယ်တော့ သူ့ရဲ့စိတ်သဘောထားတွေကို ဒင်က အကဲခတ်ချင်ခဲ့လို့ပါ  သို့ပေမယ့် အမှတ်မထင် တစ်ညမှာပဲ ဒင်  ဘွတ်စဘားဘန် သူ့သူငယ်ချင်းနဲ့ ပြောနေတဲ့စကားကြောင့် ခံစားသွားရပါတော့တယ်  အဲ့ဒါကတော့ ဘွတ်စဘားဘန်က ဒင့်အကိုဖြစ်သူ ခွန်ဖူဝဒွန့်ကို တိတ်တခိုးကြိုက်နေတယ်ဆိုတာပါပဲ  ဒါကြောင့်မို့ ညတ

ပျယ်လွင့်သွားသောအတိတ်ပုံပြင်

Image
ပျယ်လွင့်သွားသောအတိတ်ပုံပြင် ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ စက်တင်ဘာလ ၁၇ ရက်နေ့ကစပီး Ch3 ကနေ အပတ်စဉ် ဗုဒ္ဓဟူး၊ကြာသပတေး တွေမှာ ထုတ်လွှင့် ပြသနေတဲ့ Romantic Drama လေးပဲ ဖြစ်ပါတယ် Main Cast _ Toey Pongsakorn Toey Jarinporn ဇာတ်လမ်းအကျဉ်းလေးကတော့ .... ပန့် နဲ့ ပေါင့် ဆိုတဲ့ မိဘမဲ့မောင်နှမနှစ်ယောက်ကို အဖွားဖြစ်သူက ထမ င်းဆိုင်လေးဖွင့်ပြီး ရှာကျွေးခဲ့ပါတယ် .... လက်ရာအတော်ကောင်းမွန်တာကြောင့် အနီးအနားပတ်ဝန်းကျင် က မ သိသူမရှိမလောက်ပါပဲ .... တစ်နေ့ မှာ အကိုဖြစ်သူပေါင့် မတော်တဆ တစ်ခုကြောင့် ပျောက်ဆုံးသွားခဲ့ပါတယ် .... ညီမဖြစ်သူပန့်က တနေ့ကျရင် အကိုဖြစ်သူက သူ့ဆီ ပြန်လာလိမ့်မယ်ဆိုတဲ့အတွေးနဲ့ အသက်ဆက်ရှင်နေ ခဲ့တာပေါ့ .... တနေ့ကျရင် TV မှာပါလာအောင်လုပ်နိုင်ခဲ့ရင် သူမရဲ့အကိုပေါင့်ကသူ့ကိုရှာတွေ့နိုင်မယ်ဆိုတဲ့အတွေး နဲ့ပေါ့ .... တနေ့မှာသူမရဲ့ အတွေးအိမ်မက်လေးအမှန်တကယ်ဖြစ်လာပါ‌တော့တယ် .... သူမရဲ့ အစားအသောက် YouTube Channel က လူကြည့်များလာပြီး TV Channel မှာ ပါလာဖို့ ဖြစ်လာပါတော့တယ် .... TV Channel က ဒါရိုက်တာက သူမကို အမြဲတမ်း ပင်တိုင် အစီ အစဉ်တင်ဆက်သူထားပေးမယ်ဆိုပြီး သူမကို မုဒိန်းကျင့်ဖို့လုပ်နေတာကို ဒါရ

ကုသိုလ်ကံအရိပ်

Image
ကုသိုလ်ကံအရိပ်  မနေ့တနေ့ကမှထွက်ရှိထားတဲ့ အချစ်တော်လေးPimmy ရဲ့ ကားသစ်လေးကို on going အမှီတင်ဆက်ပေးလိုက်ရပါတယ် ( ဇာတ်လမ်းအကျဉ်း ) စီသာဆိုတဲ့ကောင်မလေး နိုင်ငံခြားမှာစာသွားသင်ရင်း အဖေဖြစ်သူဆုံးတယ်ဆိုတဲ့သတင်းကြောင့်  သူမရဲ့ချစ်သူနဲ့အတူ ထိုင်းနိုင်ငံကို အမြန်လာခဲ့တယ် သူမရဲ့အဖေက ကိုယ့်ကိုကိုယ်သတ်သေပြီး  အလောင်းကိုတွေတော့ ရက်အတော်ကြာနေပြီတဲ့ သူမလုံးဝမယုံနိုင်ခဲ့ သူမရဲ့အဖေကပျော်ပျော်နေတတ်သူ သူ ့အဖေမဆုံးခင်နေ့က​တောင် video call ​ခေါ်ပြီး ရယ်ရယ်မောမောနဲ့စနောက်နေခဲ့သေးတာ  သူ ့ကိုယ်သူသတ်သေမယ်ဆိုတာက လုံးဝမဖြစ်နိုင် သူမအဖေရက်လည်နေ့ ကစပြီး ညတိုင်းလိုလို ကုတ်ခြစ်သံတွေ ဆူညံသံတွေ မူမှန်တွေဖြစ်လာပြီး ပြိတ္တာကြီးတကောင်က သူမကိုဆက်သွယ်ဖို ့ကြိုးစားနေတယ် စီသာတစ်ယောက် ဒီပြိတ္တာကြီးကို သူမအဖေလို ့ထင်လာတယ် သူမအဖေက သူမကိုတခုခုပြောချင်လို ့ဆက်သွယ်နေတယ်... သူမအဖေမသေခင်ကလဲ ကန်ထရိုက်တစ်ခု ဆောက်လုပ်ဖို ့ရှိနေပြီး မြေကိစ္စ အရူှပ်အရှင်းကြောင့် တရားရင်ဆိုင်နေရတဲ့ ကာလဖြစ်နေပြန်တော့... သူမအဖေသေရတာ မြေနေရာနဲ့ ပတ်သတ်နေတာလား.... သူမအဖေကဘယ်သန်ဆိုတာသိတဲ့သူနည်းတယ် သူမအဖေက ကိုယ့်ကိုကိုယ်သေနတ်ပစ်ပြီးသတ်သေပေမယ့် ကျည်ဆန်ရာက ညာဘက်မ