စပျစ်ဥယျာဉ်ထဲကအနမ်းဝိုင်




🍇 စပျစ်ဥယျာဉ်ထဲကအနမ်းဝိုင် 🍇 (completed)

ကိုယ်ပိုင်စပျစ်ခြံပိုင်ရှင်ကြီးဖြစ်ဖို့ စိတ်ကူးယဉ်ထားတဲ့ ကောင်မလေး ဘွတ်စဘားဘန်ဟာ
တစ်နေ့တော့ ချစ်သူဖြစ်သူက စပျစ်ခြံကြီးစိုက်ရအောင်ဟုဆိုပြီး အဖေဖြစ်သူထံမှ‌
ငွေချေးပြီး လိမ်ပြေးသွားတာ ခံလိုက်ရပါတော့တယ် 

အဲ့အချိန်မှာပဲ မိသားစုစီးပွားရေးအခက်အခဲလေးကြောင့် 
ဖူဖာစပျစ်ခြံက စိုက်ခင်းမန်နေဂျာခေါ်တုန်း စမ်းအလုပ်လျှောက်ခဲ့ပါတော့တယ် 

အဲ့မှာပဲ အဲ့ဒီစိုက်ခင်းပိုင်ရှင်ရဲ့သားနှစ်ထဲမှ အငယ်ဖြစ်သူ ဒင် က 
ဘွတ်စဘားဘန့်ကို အရင်ကတည်းက တွေ့ဖူးပြီး 
သူ့စိတ်ဓာတ်လေးကို သဘောကျသလိုဖြစ်သွားတော့ 
ဘွတ်စဘားဘန့်ကို အလုပ်ခန်းဖို့ အစ်ကိုဖြစ်သူ ဖူဝဒွန်ကို ပြောခိုင်းလိုက်ပါတော့တယ် 

နောက်ပြီး သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပါတော့တယ် 

အဲ့ဒါကတော့ သူ ဘယ်သူလဲဆိုတာ ဘွတ်စဘားဘန်ကို မပြောဖို့ နှုတ်ပိတ်ပေးဖို့ပြောခဲ့ပါတော့တယ် 
အမှန်တကယ်တော့ သူ့ရဲ့စိတ်သဘောထားတွေကို ဒင်က အကဲခတ်ချင်ခဲ့လို့ပါ 

သို့ပေမယ့် အမှတ်မထင် တစ်ညမှာပဲ ဒင် 
ဘွတ်စဘားဘန် သူ့သူငယ်ချင်းနဲ့ ပြောနေတဲ့စကားကြောင့် ခံစားသွားရပါတော့တယ် 

အဲ့ဒါကတော့ ဘွတ်စဘားဘန်က ဒင့်အကိုဖြစ်သူ ခွန်ဖူဝဒွန့်ကို တိတ်တခိုးကြိုက်နေတယ်ဆိုတာပါပဲ 

ဒါကြောင့်မို့ ညတွင်းချင်း အလုပ်ထုတ်ပစ်ဖို့ ဒင် စီစဉ်ပင်မယ့် 
အစမ်းခန့်ကာလသုံးလတောင် စောင့်ဆိုင်းရဦးမယ်ဆိုတာ သိသောအခါ 

ဘွတ်စဘားဘန်ကို သူ့အလိုလို ထွက်ပြေးအောင် 
ခက်ခဲတဲ့ အလုပ်တွေခိုင်း နည်းအမျိုးမျိုး ကြံစည်ခဲ့ပါတော့တယ် 

ဒင် ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်တွေ ခိုင်းနေပါစေ 
ဘွတ်ကလည်း လုံးဝအလျှော့မပေးပဲ ပြန်တိုက်ခိုက်ပါတော့တယ် 

အဲ့တော့ တဖြည်းဖြည်းနဲ့ နှောင်ကြိုးလေးတွေသွယ်တန်းရင်း 
အချင်းချင်း ချစ်မိသွားပါတော့တယ် 
ဒါပေမယ့် ဒင့်မှာလည်း စေ့စပ်ရမယ့်မိန်းကလေး အန် ရှိနေသောအခါ 
အရှုပ်အထွေးလေးတွေ ဖြစ်ပေါ်လာပါတော့တယ် 

အဲ့ဒီနောက် ဘာဆက်ဖြစ်မလဲဆိုတာ ခွီရင်း ဟားရင်း ရိုရင်း ကြည့်ရှုပေးကြပါဦးနော် 

Subbed by Mann Mawkunn / Edited & Timing by Thai Series Fan 



Download here

Episode   (1)           Telegram  / Mega 
Episode   (2)           Telegram  / Mega
Episode   (3)           Telegram  / Mega
Episode   (4)           Telegram  / Mega
Episode   (5)           Telegram  / Mega
Episode   (6)           Telegram  / Mega
Episode   (7)           Telegram  / Mega
Episode   (8)           Telegram  / Mega 
Episode   (9)           Telegram  / Mega
Episode   (10)         Telegram  / Mega
Episode   (11)         Telegram  / Mega
Episode   (12)         Telegram  / Mega
Episode   (13)         Telegram  / Mega
Episode   (14)         Telegram  / Mega
Episode   (15)         Telegram  / Mega


Trailer 












Comments

Post a Comment

Popular posts from this blog

သေတ္တာ နက်ထဲကငိုရှိူက်သံ

ကံကြမ္မာနှောင်ဖွဲ့တဲ့ ချစ်ကြိုး

ကျေးလက်ဖူးစာ