နေမင်းရဲ့မျက်ရည်စများ
နေမင်းရဲ့မျက်ရည်စများ ဒီဇာတ်လမ်းလေးကတော့ တဝမ်(နေမင်း)ဆိုတဲ့ မိန်းမငယ်တစ်ယောက်ရဲ့ မျက်ရည်စလို ဘဝအခက်အခဲပေါင်းစုံကို ဖော်ကျူးတင်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ် တဝမ်လို့ ခေါ်တဲ့ ကောင်မလေးဟာ ဘွဲ့မရသေးတဲ့ အလုပ်သင် သူနာပြုလေး တစ်ယောက်ပါ သူမဟာ ပြည့်စုံလွန်းသော စည်းစိတ်ဥစ္စာ ခြံဝိုင်း ကုမ္ပဏီ တို့ကိုပါ ပိုင်ဆိုင်သော လူချမ်းသာမိသားစုအသိုင်းအဝိုင်းကပေါ့ တဝမ့်မှာ နာမကျန်းဖြစ်နေတဲ့ အမေတစ်ယောက်ရယ် မဟုတ်ရင် မခံတတ်တဲ့ မောက်မာတတ်တဲ့ ညီမ(ဒွန်ရမ်)တစ်ယောက်လည်း ရှိပါသေးတယ် တစ်နေ့ တဝမ့်ရဲ့ဖခင်ဟာ ယုံကြည်ရတဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်က ယုတ်မာတာခံလိုက်ရကာ အကြွေးတွေ ပတ်ချာဝိုင်းပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ် အဲ့နောက်မှာတော့ တဝမ်တစ်ယောက် သူ့အဖေ ထားခဲ့တဲ့ အကြွေးပေါင်းများစွာကို အမကြီး အမိရာ ပီပီ မိသားစုအတွက် အိမ်ထောင်ဦးစီး လုပ်ကာ အခက်အခဲပေါင်းစုံကို ဖြေရှင်းခဲ့ရပါတော့တယ် အဲ့အချိန်မှာ ငယ်ငယ်က ရင်းနှီးခဲ့တဲ့ အကိုယုခွန်ဟာ တဝမ့်ဘဝထဲမှာ ရောက်လာပြီး ကူညီဖြေရှင်းပေးခဲ့ပါတော့တယ် ...