Posts

Showing posts from March, 2021

ဝမ်ထုန်

Image
  " ဝမ်ထုန် " Main Cast  ခွန်ဖန် အဖြစ် Pong Nawat  ခွန်ချန့် အဖြစ် Krit Shahkrit   ဝမ်ထုန်/မယ့်ဖင် အဖြစ် Mai Davika  ဖော့ဝိုင် အဖြစ် Tongtong  လွန်ခဲ့သော ကလေးဘဝက ခွန်ဖန်ရယ် ခွန်ချန့်ရယ် မယ့်ဖင်ရယ်က  ကစားဖော် ကစားဖက် သူငယ်ချင်းတွေပါ  ခွန်ဖန် က‌တော့ မင်းသားလေးတစ်ပါးလို ရုပ်ရည်ချောမောတယ် ထက်မြတ်တယ်  ဒါပေမယ့် ဆင်းရဲရှာတယ်  ခွန်ဖန့် ဖခင်သည်လည်း ဘုရင်ဆီမှာ ခစားနေသော စစ်သူရဲကောင်းကြီးတစ်ယောက်ပေါ့ ခွန်ချန့်ကကြတော့ ရုပ်ဆိုးတယ် ဉာဏ်ဖျင်းတယ် ဒါပေမယ့် ချမ်းသာကြွယ်ဝတယ်  နောက်ပြီး တော်ဝင်မျိုးနွယ်တွေနဲ့ အဆက်အသွယ်ရှိသူ  အသိုင်းအဝိုင်းက ဆက်သက်လာသူဖြစ်ပါတယ်  မယ့်ဖင်အသက် ၁၅ နှစ်အရွယ်မှာ အပေါင်းအသင်းကစားဖော်တွေနဲ့  ကစားရင်း ခွန်ဖန် နဲ့ တွေ့ခဲ့ပါတော့တယ်  အဲ့ဒီအချိန်ကတည်းက မယ့်ဖင် နဲ့ ခွန်ဖန်တို့ဟာ  အချင်းချင် မေတ္တာမျှခဲ့ကြပါတော့တယ်  ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အချိန်အခါ ခွန်ချန့်က မယ့်ဖင်ကို ချစ်နေတာကို သိပြီး  မိဘတွေနဲ့ လာတင်တောင်းခိုင်းမှာကို မယ့်ဖင် သိလေသောအခါ သူမ ချစ်ရသူ မောင်ကြီး ခွန်ဖန့်ကို ခွန်ချန့်ထက် ဦးကာ  မိဘတွေနဲ့ လာတင်တောင်းခိုင်းလိုက်ပါတော့တယ်  ထိုကိစ္စကို ခွန်ချန့် တစ်ယောက် သိလေသော် မ