Posts

Showing posts from September, 2020

ကျိန်စာသင့်တဲ့ချစ်ခြင်း

Image
💟 ကျိန်စာသင့်တဲ့ချစ်ခြင်း 💟 ပလွိုင်ရမ်ပါဆိုတဲ့ တော်ဝင်မိန်းမငယ်လေးတစ်ယောက်က  ပါကင်ဆိုတဲ့ကောင်လေးတစ်ယောက်ကို  မတော်တဆအဖြစ်အပျက်တစ်ခုကြောင့် ချစ်ကြိုက်သွားပါတော့တယ် အမှန်တော့ ပါကင်က သာမန်လူတစ်ယောက်မဟုတ်ပါဘူး  ခန္ဓာကိုယ်အတွင်းထဲမှာ ဆွာဆမင်(ထူးဆန်းသောကျား)ရဲ့စိတ် ပိတ်မိနေတဲ့တစ်ယောက်ပါ  နောက်ပြီး ပါကင် အသက် ၂၅ နှစ်ပြည့်တဲ့အခါ  လူတစ်ပိုင်း ကျားတစ်ပိုင်း အဖြစ်သို့ လုံးဝပြောင်းလဲသွားရမှာပါ  ထိုအကြောင်းကို ပါကင့်မိဘတွေကို လုပ်ကြံခဲ့တဲ့ ကုန်ဒတ် သိသွားတဲ့အခါမှာ  ပါကင့်ကိုယ်ထဲက သက်စောင့်ဆေးမှော်ကို ထုတ်ယူဖို့ ကြံစည်တိုက်ခိုက်ခဲ့ပါတော့တယ်  ပလွိုင်ရမ်ပါ တစ်ယောက် ပါကင်က လူမဟုတ်မှန်း သိပေမယ့်လည်း  ဘာမှဂရုမစိုက်ပဲ နက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့အခါမှာ..... သူတို့နှစ်ဦးရဲ့အချစ်စစ်က ပါကင့်ကို စင်စစ်လူပြန်ဖြစ်အောင် လုပ်သွားနိုင်မလား ?  ပါကင်ကရော ကုန်ဒတ်တို့ မုဆိုးတစ်သိုက်လက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား    နောက် ပါကင့်မှာရှိနေတဲ့ မထင်မှတ်ထားတဲ့ လျို့ဝှက်ချက် ခြားနားချက်တွေကလည်း ဘာတွေလဲ ?  စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်  Subbed by Mann Mawkunn /  Edited & Timing by Thai Series Fan 

စပျစ်ဥယျာဉ်ထဲကအနမ်းဝိုင်

Image
🍇 စပျစ်ဥယျာဉ်ထဲကအနမ်းဝိုင် 🍇 (completed) ကိုယ်ပိုင်စပျစ်ခြံပိုင်ရှင်ကြီးဖြစ်ဖို့ စိတ်ကူးယဉ်ထားတဲ့ ကောင်မလေး ဘွတ်စဘားဘန်ဟာ တစ်နေ့တော့ ချစ်သူဖြစ်သူက စပျစ်ခြံကြီးစိုက်ရအောင်ဟုဆိုပြီး အဖေဖြစ်သူထံမှ‌ ငွေချေးပြီး လိမ်ပြေးသွားတာ ခံလိုက်ရပါတော့တယ်  အဲ့အချိန်မှာပဲ မိသားစုစီးပွားရေးအခက်အခဲလေးကြောင့်  ဖူဖာစပျစ်ခြံက စိုက်ခင်းမန်နေဂျာခေါ်တုန်း စမ်းအလုပ်လျှောက်ခဲ့ပါတော့တယ်  အဲ့မှာပဲ အဲ့ဒီစိုက်ခင်းပိုင်ရှင်ရဲ့သားနှစ်ထဲမှ အငယ်ဖြစ်သူ ဒင် က  ဘွတ်စဘားဘန့်ကို အရင်ကတည်းက တွေ့ဖူးပြီး  သူ့စိတ်ဓာတ်လေးကို သဘောကျသလိုဖြစ်သွားတော့  ဘွတ်စဘားဘန့်ကို အလုပ်ခန်းဖို့ အစ်ကိုဖြစ်သူ ဖူဝဒွန်ကို ပြောခိုင်းလိုက်ပါတော့တယ်  နောက်ပြီး သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပါတော့တယ်  အဲ့ဒါကတော့ သူ ဘယ်သူလဲဆိုတာ ဘွတ်စဘားဘန်ကို မပြောဖို့ နှုတ်ပိတ်ပေးဖို့ပြောခဲ့ပါတော့တယ်  အမှန်တကယ်တော့ သူ့ရဲ့စိတ်သဘောထားတွေကို ဒင်က အကဲခတ်ချင်ခဲ့လို့ပါ  သို့ပေမယ့် အမှတ်မထင် တစ်ညမှာပဲ ဒင်  ဘွတ်စဘားဘန် သူ့သူငယ်ချင်းနဲ့ ပြောနေတဲ့စကားကြောင့် ခံစားသွားရပါတော့တယ်  အဲ့ဒါကတော့ ဘွတ်စဘားဘန်က ဒင့်အကိုဖြစ်သူ ခွန်ဖူဝဒွန့်ကို တိတ်တခိုးကြိုက်နေတယ်ဆိုတာပါပဲ  ဒါကြောင့်မို့ ညတ

ပျယ်လွင့်သွားသောအတိတ်ပုံပြင်

Image
ပျယ်လွင့်သွားသောအတိတ်ပုံပြင် ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ စက်တင်ဘာလ ၁၇ ရက်နေ့ကစပီး Ch3 ကနေ အပတ်စဉ် ဗုဒ္ဓဟူး၊ကြာသပတေး တွေမှာ ထုတ်လွှင့် ပြသနေတဲ့ Romantic Drama လေးပဲ ဖြစ်ပါတယ် Main Cast _ Toey Pongsakorn Toey Jarinporn ဇာတ်လမ်းအကျဉ်းလေးကတော့ .... ပန့် နဲ့ ပေါင့် ဆိုတဲ့ မိဘမဲ့မောင်နှမနှစ်ယောက်ကို အဖွားဖြစ်သူက ထမ င်းဆိုင်လေးဖွင့်ပြီး ရှာကျွေးခဲ့ပါတယ် .... လက်ရာအတော်ကောင်းမွန်တာကြောင့် အနီးအနားပတ်ဝန်းကျင် က မ သိသူမရှိမလောက်ပါပဲ .... တစ်နေ့ မှာ အကိုဖြစ်သူပေါင့် မတော်တဆ တစ်ခုကြောင့် ပျောက်ဆုံးသွားခဲ့ပါတယ် .... ညီမဖြစ်သူပန့်က တနေ့ကျရင် အကိုဖြစ်သူက သူ့ဆီ ပြန်လာလိမ့်မယ်ဆိုတဲ့အတွေးနဲ့ အသက်ဆက်ရှင်နေ ခဲ့တာပေါ့ .... တနေ့ကျရင် TV မှာပါလာအောင်လုပ်နိုင်ခဲ့ရင် သူမရဲ့အကိုပေါင့်ကသူ့ကိုရှာတွေ့နိုင်မယ်ဆိုတဲ့အတွေး နဲ့ပေါ့ .... တနေ့မှာသူမရဲ့ အတွေးအိမ်မက်လေးအမှန်တကယ်ဖြစ်လာပါ‌တော့တယ် .... သူမရဲ့ အစားအသောက် YouTube Channel က လူကြည့်များလာပြီး TV Channel မှာ ပါလာဖို့ ဖြစ်လာပါတော့တယ် .... TV Channel က ဒါရိုက်တာက သူမကို အမြဲတမ်း ပင်တိုင် အစီ အစဉ်တင်ဆက်သူထားပေးမယ်ဆိုပြီး သူမကို မုဒိန်းကျင့်ဖို့လုပ်နေတာကို ဒါရ

ကုသိုလ်ကံအရိပ်

Image
ကုသိုလ်ကံအရိပ်  မနေ့တနေ့ကမှထွက်ရှိထားတဲ့ အချစ်တော်လေးPimmy ရဲ့ ကားသစ်လေးကို on going အမှီတင်ဆက်ပေးလိုက်ရပါတယ် ( ဇာတ်လမ်းအကျဉ်း ) စီသာဆိုတဲ့ကောင်မလေး နိုင်ငံခြားမှာစာသွားသင်ရင်း အဖေဖြစ်သူဆုံးတယ်ဆိုတဲ့သတင်းကြောင့်  သူမရဲ့ချစ်သူနဲ့အတူ ထိုင်းနိုင်ငံကို အမြန်လာခဲ့တယ် သူမရဲ့အဖေက ကိုယ့်ကိုကိုယ်သတ်သေပြီး  အလောင်းကိုတွေတော့ ရက်အတော်ကြာနေပြီတဲ့ သူမလုံးဝမယုံနိုင်ခဲ့ သူမရဲ့အဖေကပျော်ပျော်နေတတ်သူ သူ ့အဖေမဆုံးခင်နေ့က​တောင် video call ​ခေါ်ပြီး ရယ်ရယ်မောမောနဲ့စနောက်နေခဲ့သေးတာ  သူ ့ကိုယ်သူသတ်သေမယ်ဆိုတာက လုံးဝမဖြစ်နိုင် သူမအဖေရက်လည်နေ့ ကစပြီး ညတိုင်းလိုလို ကုတ်ခြစ်သံတွေ ဆူညံသံတွေ မူမှန်တွေဖြစ်လာပြီး ပြိတ္တာကြီးတကောင်က သူမကိုဆက်သွယ်ဖို ့ကြိုးစားနေတယ် စီသာတစ်ယောက် ဒီပြိတ္တာကြီးကို သူမအဖေလို ့ထင်လာတယ် သူမအဖေက သူမကိုတခုခုပြောချင်လို ့ဆက်သွယ်နေတယ်... သူမအဖေမသေခင်ကလဲ ကန်ထရိုက်တစ်ခု ဆောက်လုပ်ဖို ့ရှိနေပြီး မြေကိစ္စ အရူှပ်အရှင်းကြောင့် တရားရင်ဆိုင်နေရတဲ့ ကာလဖြစ်နေပြန်တော့... သူမအဖေသေရတာ မြေနေရာနဲ့ ပတ်သတ်နေတာလား.... သူမအဖေကဘယ်သန်ဆိုတာသိတဲ့သူနည်းတယ် သူမအဖေက ကိုယ့်ကိုကိုယ်သေနတ်ပစ်ပြီးသတ်သေပေမယ့် ကျည်ဆန်ရာက ညာဘက်မ

မိုးကောင်းကင်မှာသာတဲ့နေမင်း

Image
   ⛅  မိုးကောင်းကင်မှာသာတဲ့နေမင်း ⛅ (completed) ဇာတ်လမ်းအကျဉ်းလေးကတော့ "ပေါ်"ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့  ကလဲ့စားပြန်ချေတဲ့အကြောင်းလေးပါ "ပေါ်" ဆိုတဲ့ ကောင်လေးက ဖခင်ဖြစ်သူ "ပါရာမီ"ရဲ့ သားတစ်ယောက်ပါ အရင်တစ်ချိန်တွေက "‌ပေါ်"ဆိုတာ သူ့ဖေဖေရဲ့အချစ်တုံးလေးဖြစ်ခဲ့ကာ  သူ့မေမေနဲ့အတူ ပျော်ရွှင်မိသားစုဘဝလေးမှာနေခဲ့ရပါတယ်  အဲ့ဒီအချိန်တွေက "နက်စာလောင်" ဆိုတဲ့ အမျိုးသမီးတစ်ယောက်  သူ့ဖေဖေ ရင်ခွင်ထဲကို ရောက်မလာခင်ထိပေါ့  အဲ့ဒီမိန်းမက သူ့မေမေရဲ့နေရာကို လုယူရုံသာမက ပေါ် နဲ့ သူ့မေမေကို အိမ်ပေါ်ကနေ နှင်ထုတ်  သူ့မေမေကို သေအောင် နည်းအမျိုးမျိုးကြံစည်ခဲ့ပါတော့တယ်  အဲ့ဒီနောက်မှာတော့ အသိဦးလေးတစ်ယောက်က  ပေါ်တို့ သားအမိနှစ်ယောက်ကို ဟောင်ကောင်ကို ခေါ်သွားပါခဲ့တော့တယ်  အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်မှာ နက်စာလောင်ဆိုတဲ့ အမျိုးသမီးကို လက်စားချေဖို့နဲ့  သူ့မေမေ ပိုင်ဆိုင်သမျှအရာအားလုံးကို လုယူဖို့ ထိုင်းကို ပြန်လာပါတော့တယ်  နက်စာလောင်ဆိုတဲ့ အမျိုးသမီးကို လက်စားချေဖို့အတွက်  သူနဲ့အနေနီးအောင် ဖန်တီးခဲ့ပါတော့တယ်  ဒါပေမယ့် အမှတ်မထင် သူ့ဖေဖေရဲ့ မွေးစားသမီးလေး နိုင်နက်ဖာဆိုတဲ့ 

ဆုံမှတ်မရှိသောချစ်ခြင်းအလင်္ကာ

Image
  ဆုံမှတ်မရှိသောချစ်ခြင်းအလင်္ကာ (completed) အခုတစ်ခါတင်ဆက်ပေးမယ့်ကားကတော့  Ch3 ရဲ့၂၀၂၀ ပထမနှစ်ဝက်ပြသခဲ့တဲ့ကားတွေကို ကျော်လွန်ပြီး Rating အမြင့်ဆုံးရရှိထားတဲ့ကားလေး ဖြစ်တာကြောင့် ဇာတ်လမ်းမကောင်းမှာတော့စိုးရိမ်စရာမလိုပါဘူး ~~~ ( ဇာတ်လမ်းအကျဉ်း ) ~~~ ဆံဖာဝိုဆိုတဲ့မိန်းမတစ်ယောက် သူ့သားလေး၂ယောက် ငယ်စဉ်အချိန်မှာပဲ ယောကျာ်းဖြစ်သူဆုံးပါးသွားခဲ့တယ် ထိုအချိန်ကစပြီး သားလေး၂ယောက်ကိုရရာအလုပ်မျိူးစုံလုပ်ပြီး ရှာကျွေးခဲ့တယ် သူမအတြက္သူ ့သားလေးတွေကရတနာတပါးလိုပါ သူမရဲ့ဇွဲ လုပ်အားချိူးခြံနိုင်မှုတွေကြောင့်  ရွာကသူဌေးမတစ်ယောက်ဖြစ်လာတယ် သားနှစ်ယောက်လုံးကိုချစ်ပေမယ့် ခြေထောက်မသန်ရှာတဲ့ အကြီးလေးဖိုင်ဝမ်ကို အချစ်ပိုခဲ့တယ် ဖိုင်ဝမ်အရွယ်ရောက်လာတော့ ဘွန်ရင့်သမီး အကြီးမ ယုဖာနဲ့ ချစ်ကြိုးသွယ်မိခဲ့ကြတယ် ဘွန်ရင်က တရွာလုံးကွမ်းတောင်ကိုင်အချောအလှသမီးဖြစ်သူကို ဆံဖာဝိုက လယ်တွေရွာတွေတင်တောင်းခဲ့ပေမယ့် ခြေထောက်တဖက်မသန်တာကိုအကြောင်းပြပြီး မြို့ကအစိုးရဝန်ထမ်းတစ်ယောက်နဲ့ ယုဖာကိုပေးစားခဲ့တယ် ထိုအချိန်ကစပြီး ၅နှစ်လုံး ဖိုက်ဝမ်တယောက် လေသွားပြီး လောင်းကစားတွေလုပ် ညနေဆိုအရက်လေးတမျှမျှနဲ ့ မူးလာတိုင်း ငိုကြီးချက်မနဲ့ ယုဖာ ယုဖာဆို

နှလုံးသားနှင့်စီခြယ်သည့်ကလဲ့စား

Image
  နှလုံးသားနှင့်စီခြယ်သည့်ကလဲ့စား (completed) ဇာတ်လမ်းအကျဉ်းလေးကတော့ .... Urawee နဲ့ Unthiga တို့ နှစ်ယောက်က ဖအေတူ အမေကွဲ ညီအမတွေ ဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းပြိုင်ဆိုင်နေကြတဲ့သူတွေပါ .... ယောကျာ်းနှစ်ယောက်ရဲ့ စစ်မှန်လှတဲ့ချစ်ခြင်း ကို သူ့တို့ရဲ့ကစားပွဲမှာ အိမ်မွေးတိရိစ္ဆာန်တွေလိုပဲ  အသုံးချ ကြပါတယ် .... Urawee ကတော့ အချစ်ဆိုတာကို အယုံကြည်မရှိတဲ့အတွက်  အချစ်ကို အသုံးချပြီး သူ့ညီမ ကို လက်စားချေ ပါတော့တယ် .... Unthiga ကတော့ သူချစ်မိသွားတဲ့ ယောကျာ်းလေးရဲ့ နှလုံးသားကို အနိုင်ရဖို့ အမျိုးမျိုး ကြိုးစားပါ တော့တယ် .... ဒါပေမယ့် သူတို့က ဒီကစားပွဲကို ထိန်းချုပ်ထားတဲ့သူတွေချည်း မဟုတ်ပါဘူး .... ဒီကစားပွဲမှာ ဘယ်သူက အနိုင်ရသွားမလဲ .... ဒါမှမဟုတ် ဒီကစားပွဲကို ထိန်းချုပ်ခံရတဲ့သူတွေက  သူတို့ကိုယ်တိုင်ပဲ ဖြစ်သွားမလားဆိုတာ ဒီဇာတ်ကား လေးမှာ စောင့်ကြည့်လိုက်ရအောင်  Translated , Sub-timing & Encoded by SK 7 Original Song Tracks  ถ้าไม่มีเธอ Ost.เพลิงรักเพลิงแค้น | ปนัดดา เรืองวุฒิ (နင် မရှိရင်) Download here  Episode   (1)                  G drive  / Telegram Episode   (2)                  G