Posts

Showing posts from July, 2020

နတ်ဆိုးကျိန်စာ

Image
နတ်ဆိုးကျိန်စာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း Ch3 ကပြသလျှက်ရှိတဲ့ နတ်ဆိုးကျိန်စာ ဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်လိုက်ရပါတယ် နာမည်ကြီး Horror Movie. Art of Devil ကို Series အဖြစ်ပြန်လည်ရိုက်ကူးတာကြောင့် မကြောက်ရမှာ ဇာတ်လမ်းမကောင်းမှာကို စိတိပူစရာမလိုပါဘူး ( ဇာတ်လမ်းအကျဉ်း ) အင်ဂျင်နီယာကျောင်းရဲ့UB Cheerleader အသင်း  အသင်းသားတွေရဲ့ရုပ်ရည်ချောမောမှုကြောင့် ကျောင်းမှာပါမက တခြားကျောင်းတွေထိကျော်ကြားတယ် အသင်းသားတယောက်ချင်းစီမှာ fan clubတွေရှိတဲ့အထိပါပဲ နာမည်အကြီးဆုံးကတော့ အေယာနဲ့ ဘရေ့တို့အတွဲပါ အေယာကို အရမ်းသဘောကျတဲ့ ဖယ်ဝါဆိုတဲ့ ကောင်မလေးတယောက်သွားလေရာတကောက်ကောက် သူ့ဆံပင်ပုံ လက်ဝတ်လက်စားတွေအထိ တပုံစံထဲတုပလွန်းတော့ အေယာမျက်မုန်းကြိုးလာတယ် တနေ့ အေယာ မွေးနေ့ အေယာ့ရည်းစား ဘရေ့နဲ့ မိန်းကလေးတယောက်ရဲ့ HD တကျောင်းလုံးပြန့်သွားတယ် ဖယ်ဝါက သူမဟုတ်ကြောင်း ရှင်းပြပေမယ့်  ဆရာမက အစ ဘယ်သူမှ သူ့ကိုမယုံကြဘူး အေယာနဲ့သူ့သူငယ်ချင်းတွေက ဖာဝယ်ကို မသေရုံတမယ် ရိုက်နှက်ပြီး လမ်းပေါ်မှာ ပစ်ထားခဲ့တဲ့အပြင် အောက်လမ်းနဲ့ပါ အသေ သတ်တော့တယ် သေကံမရောက်ခဲ့တဲ့ ဖယ်ဝါတယောက်  သူ့ကိုလုပ်ခဲ့သလို ဘယ်လိုပြန်လက်စားချေမယ် ဆိုတာတော့..... Review,Trans

The one.....I miss

Image
The One.....I miss ပွန်ဆိုတဲ့ကောင်မလေးတစ်ယောက်က ဘွဲ့ရပြီးကတည်းက သက္ကသိုလ်တုန်းက  crush ခဲ့ရတဲ့ အကိုကွန့်ကို လိုက်ရှာခဲ့ပေမယ့် သဲထဲ ရေသွန် နေရသလိုပါပဲ  အကိုကွန်ဆိုတာက အေးတိအေးစက်နဲ့ လူရိုးကြီး လိုင်းတို့ ဖေ့ဘွတ်စ်တို့ကိုလည်း မသုံးတော့  ပွန့်အတွက် အခက်တွေ့စေခဲ့တာပေါ့ ဒါပေမယ့် ပွန်က တစ်နေ့နေ့တော့ အကိုကွန်နဲ့ ပြန်တွေ့ရမယ်ဆိုတာ ယုံကြည်မျှော်လင့်နေခဲ့ပါတယ်  တစ်နေ့မှာတော့ ပွန် အလုပ်လုပ်နေတဲ့ဆီကို ဓာတ်ပုံဆရာအသစ် ရောက်လာခဲ့ပါတော့တယ်  တကယ်တော့ အဲ့ဒီဓာတ်ပုံဆရာအသစ်က အကိုကွန်ဖြစ်နေသောအခါ ပွန် သေလောက်အောင် ပျော်ခဲ့ရပါတော့တယ် ဒါပေမယ့် မျှော်လင့်ချက်တို့က ရိုက်ချိုးခံလိုက်ရသလိုပဲ ဘာလို့ဆို အကိုကွန်နဲ့ပိုင်ရှင်အမပရင့်တို့ ဆက်ဆံရေးက သာမန်ထက်ပိုတယ်လို့ ပွန် ထင်လိုက်မိကာ အသည်းကွဲလုမတတ်ဖြစ်ခဲ့ပါလေရော ကဲ ဆက်မပြောတော့ဘူးနော် တစ်ပိုင်းတည်းပါတာမို့ ပြောလိုက်ရင် ဇာတ်ကြောင်းအကုန်ပါသွားလိမ့်မယ် သိချင်ရင်တော့ ဆက်သာ ကြည့်လိုက်ပါတော့နော်  Artists :  Great Sapol, Pupe Kessarin, Film Chatdao Air Date:  July 18, 2020 Total Episode:  1 Reviewed,Translated & Encoded by Mann Mawkunn  * ဒီကားလေးက ဇာတ်လမ်းရှည်လည်း မဟုတ်

ပုံသေသတ်မှတ်မရတဲ့အချစ်

Image
ပုံသေသတ်မှတ်မရတဲ့အချစ် (completed) စရိုက်မတူတဲ့လူငယ်ငါးယောက် တက္ကသိုလ်တစ်ခုတည်းတစ်ဌာနတည်းမှာလာဆုံကြပြီး  သူငယ်ချင်း‌တွေ ဖြစ်လာကြပါတယ်။  တိုက်တိုက်ဆိုင်ဆိုင်သူတို့‌အကုန်လုံးရဲ့ သွေးအမျိုးစားကလည်း အိုသွေးဖြစ်နေတယ်။ အဲ့ဒါကြောင့် Group Oလေးပေါ့။  ဒီသူငယ်ချင်းအဖွဲ့လေးမှာ ဘယ်သူက ဘယ်သူ့ကိုကြိုက်ပြီး ဘယ်သူကဘယ်သူ့ကို crush မလဲ...... ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်လိုက်ရအောင်နော်  Translated by Nang Han Thinzar Oo  Encoded by Mann Mawkunn  Download here Episode (1) G drive / Telegram Episode (2) G drive / Telegram Episode (3) G drive / Telegram Episode (4) G drive / Telegram Episode (5) G drive / Telegram Episode (6) G drive / Telegram Episode (7) G drive / Telegram Episode (8) G drive / Telegram Episode (9) G drive / Telegram Episode (10) G drive / Telegram Episode  (11)    G drive /  Telegram  Episode  (12)    G drive  /  Telegram   Episode  (13)    G drive / Telegram  Episode  (14)    G drive / Telegram  Episode  (15)    G d

မောင့်ချစ်ဇနီး

Image
မောင့်ချစ်ဇနီး  မနေ့တစ်နေ့ကမှ ထွက်ရှိထားတဲ့ မောင့်ချစ်ဇနီးဆိုတဲ့ကားသစ်ကြီးကို  On going update အမှီတင်ဆက်ပေးလိုက်ပါတယ် ပါဝင်ထားတဲ့သရုပ်ဆောင်များအနေနဲ့ကတော့ ဒေါင်အဖြစ် Prang Kannarun Wongkajornklai ခွန်တစ်အဖြစ် Mai Warit Sirisantana မဟာနထီအဖြစ် Ball Jitpanu Klomkaew အမ်နာအဖြစ် May Nisachon Tuamsoongnuenတို့ အဓိကပါဝင်ထားကြပါတယ် ( ဇာတ်လမ်းအကျဉ်း ) အမြဲတန်းသွက်သွက်လက်လက်နဲ့ ဒေါင်ဆိုတဲ့မိန်းကလေးတယောက် အဖေ ဖြစ်သူက  အလုပ်ကထုတ်ခံလိုက်ရပြီး နာမကျန်းဖြစ်တော့ အဖေဖြစ်သူ ဆေးကုသစရိတ်အတွက် Company တစ်ခုမှာလက်မှတ်ထိုးလိုက်ရတယ်  နာမည်ခံကသာ အလှကုန် Company တကယ်တမ်းက နာမည်ကြီးသူဌေးတွေကို ကြင်ယာရှာပေးတဲ့ Company ပါ  စာချူပ်ပါစည်းကမ်းကြောင့် ဒေါင်တယောက် Way Ex Company ကသူဌေးလေး အချစ်ကို  အပိုင်ချူပ်ဖို့ဖြစ်လာတယ် မလုပ်နိုင်ခဲ့ရင် ချေးငွေနှစ်ဆလျှော်ပေးရမှာဖြစ်ပြီး ထောင်နန်းစံရမှာပဲ ဖြစ်ပါတယ်  ဒါကြောင့် ခွန်တစ်တို့Company မှာ ဒေါင်တစ်ယောက်  အတွင်းရေးမှူးအဖြစ် အလုပ်ဝင်ရင်း အကွက်ရွှေ့ဖို့ကြိုးစားရတော့တယ် ဒေါင်နဲ့မတော်တဆတိုက်မိပြီး ဒေါင့်ကိုမြင်မြင်ချင်း သဘောကျသွားတဲ့ ခွန်တစ် ရဲ့ပြိုင်ဘက် မဟာနထီနဲ့ ခွန်တစ်ကို ငယ

မုန်းမာန်ထက်ကမိန်းမပျို

Image
မုန်းမာန်ထက်ကမိန်းမပျို [ RERUN VER ]  ရီးဆာက က နင်ဘူရာဖာကီရက် နဲ့ ရီးဆာရဲ့အမေ မေ(နောက်မိန်းမ)နဲ့ရတဲ့ သမီးတစ်ယောက်ပါ ရီးဆာအဖေရဲ့ မိသားစု ဘက်က ရီးဆာနဲ့ သူ့အမေကို လုံးဝမကြိုဆိုခဲ့ပါဘူး  သူတို့ဘဝထဲကနေ ထွက်သွားဖို့ နည်းမျိုးစုံ အသုံးချလုပ်ကြံခဲ့ပါတယ်  အဲ့ဒီနောက်တော့ ရီးဆာတို့သားအမိ နှစ်ယောက်  ဘူရာဖာ​ကစ် မိသားစုလက်ထဲကနေ လွတ်မြောက်ဖို့အတွက်  ထွိုင်ဂျစ်တိုင်းပြည်ထဲကို ထွက်ပြေး တိမ်းရှောင် ခဲ့ပါတော့တယ် ထွိုင်ဂျစ်ပြည်နယ်မှာ ရီးဆာအမေက ဘုရင် ရာ-2နဲ့လက်ထပ်လိုက်ရာ  ရီးဆာတို့သားအမိနှစ်ယောက်က အမြင့်ပေါ်ကို တဟုန်ထိုးရောက်သွားပါတော့တယ်  ရီးဆာ အိမ်ရှေ့စံမင်းသမီးလေး အဖြစ်ကိုရောက်ရှိသွားပေမယ့်  အတိတ်ကိုတော့ မမေ့ဖျောက်နိုင်သေးပါ.... ဘူရာဖာကစ်မိသားစုကလုပ်ခဲ့တဲ့ ဒဏ်ရာတွေကို ရီးဆာတို့က နာကျင်ခံစားနေရချိန်မှာ  ဘူရာဖာကစ်တစ်မိသားစုလုံးရဲ့ ပြုံးပျော်နေတဲ့ပုံကို မဂ္ဂဇင်းတစ်ခုမှာတွေ့လိုက်ရတော့  ရီးဆာ အသည်းတလှိုက်လှိုက် နာကျင်လာခဲ့ရတော့တယ်.... ဒါ့ကြောင့် ရီးဆာ သူ့တို့သားအမိနှစ်ယောက်ခံစားခဲ့ရတဲ့  ဒဏ်ရာကြွေးတွေအတွက် တရားမျှတမှုပြန်ယူဖို့ ဘန်ကောက်ကို ပြန်လာပါတော့တယ်  ထို့နောက် ဘူရာဖာကစ်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ရင်း  ရီးဆ

ကာစလောင်ပန်းရဲ့အတိတ်နွံ

Image
ကာစလောင်ပန်းရဲ့ အတိတ်နွံ [ Netflix Version ] ဒီကားလေးမှာဆိုရင် မင်မင့်ရွှေမင်းသမီးလေး  Yaya Urassaya ဟာ သရုပ်ဆောင် ဘယ်လောက်ထိ ကောင်းလဲဆို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် Yaya ရဲ့ ပထမဆုံး အမြွာကာရိုက်တာ ရိုက်ကူးခြင်း ဖြစ်ပေမယ့် ‌အပြစ်ပြောစရာ တစ်စက်လေးမှ မရှိအောင် ကောင်းလွန်းပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ .... ကာစလောင်နဲ့ စောင်ပိစ် ဟာ အလွန်လှပပြီး ရုပ်ချင်း အရမ်း ဆင်တဲ့ အမွှာညီမ နှစ်ယောက် ပဲ ဖြစ်ပါတယ် .... ကာစလောင်ဟာ အမေဖြစ်သူနဲ့ ကြီးပြင်းလာတာမလို့နူးညံ့တယ်၊ကြင်နာသနားတတ်တယ်၊အကလဲကောင်းပြီး အိမ်မှုကိစ္စလဲ နိုင်နင်း တဲ့ မိန်းမပျိုလေး ဖြစ်တာကြောင့် သူမကို ရွှေ အဖြစ် တင်စားကြတယ် .... စောင်ပိစ် ကတော့ ဖအေဖြစ်သူနဲ့ ကြီးပြင်းလာတာမလို့ သူ့ အဖေလိုပဲ ကောက်ကျစ် ယုတ်မာတယ်၊ အစ်မဖြစ်သူ ကာစလောင်ကိုလဲ သူ့အမေကို လုတယ်ဆိုပြီး မုန်းတီးနေတဲ့သူပဲ ဖြစ်ပါတယ် ..... စောင်ပိစ် ဟာ ယောကျာ်းလေးတွေနဲ့ ပရောပရည် လုပ်ရတာကြိုက်ပြီး သူ့ကြောင့် ရန်တွေပါဖြစ်ရတဲ့ အထိ ပါပဲ .... ဒါကြောင့် သူမ ကို လူတွေက မစင် နဲ့ခိုင်းနှိုင်းကြတယ် .... တစ်ရက်မှာ အကြောင်းအမျိုးမျိုးကြောင့် ညီမ နှစ်ယောက်လုံး တရုတ်လူမျိုး ဆရာဝန် ကောင်လေး တစ်ယောက်နဲ့ တွေ့ဆု

လှိုင်းခတ်တဲ့သံစဉ်

Image
🎼လှိုင်းခတ်တဲ့သံစဉ် 🎼 (completed) ဒီဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ မတူညီတဲ့ အရပ်ဒေသကနေ ကံကြမ္မာကြီးက  လှိုင်းတံပိုးတွေနဲ့ သယ်ဆောင်လာခဲ့တဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းလင်္ကာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်  အဲ့ဒီလူနှစ်ယောက်က.......... ငယ်ငယ်လေးကတည်းက ကိုရီးယားမှာ သိုက်တူးသမား မိထွေးဖြစ်သူရယ်  မိထွေးပြောသမျှ ယုံစားနေတဲ့ ဖခင်ရယ်နဲ့ အတူနေထိုင်ကာ မိထွေးမျက်နှာကို  မမြင်ချင်လောက်အောင် မုန်းတီးနေတဲ့  ထိုင်း-ကိုရီးယား ကပြားကောင်လေး ပလာပွန်(ပွန်)နဲ့ ကံကြမ္မာမကောင်းခြင်းအောက်တွင် သာယာဖွယ်သော အသံ‌လေးနှင့်  လူတကာစွဲလမ်းရူးသွပ်အောင် တီဆိုနိုင်တဲ့ ဘားက အဆိုမလေး ပန်တဝမ်(တဝမ်)တို့ပေါ့   တကယ်တော့ ပွန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူငယ်ငယ်လေးကတည်းက သူ့မိဘတွေ ကွာရှင်းခဲ့ပြီး  မိခင်ဖြစ်သူရဲ့ အဝေးတစ် နေရာမှာ နေရပြီး စည်းစိမ်ဉစ္စာ မက်မောပြီး  သူ့အဖေဖြစ်သူနဲ့  အချစ်မပါပဲ လက်ထပ်ထားတဲ့ မိထွေးဖြစ်သူနဲ့  တစ်အိုးတစ်အိမ်ထဲမှာ အတူနေခဲ့ရပါတယ်  ပွန်(ပလာပွန်) က သူ့တစ်ဘဝလုံး အမြဲတွေးနေခဲ့တာပေါ့  မိန်းမတွေက ဒီပုပ်ထဲက ဒီပဲ အားလုံး အတူတူတွေချည်းပဲ  ပစ္စည်းဥစ္စာမက်တယ် ချစ်တတ်တဲ့ နှလုံးသား မရှိကြဘူးပေါ့   ပွန့်(ပလာပွန့်) အတွက် သည်းခံပြီး မထီမဲ