Posts

Showing posts from May, 2020

နက္ခတ်ဆုံတဲ့တိုက်ပွဲ

Image
  နက္ခတ်ဆုံတဲ့တိုက်ပွဲ (completed) အတ္တတွေ မာနတွေ အငြှိုးတွေကြောင့် ပူလောင်မှုတွေဖြစ်စေတတ်ပါတယ်  ဒီဇာတ်လမ်းကတော့ ရုပ်ရှင်လောကက အေဂျင်စီနှစ်ခုရဲ့ အားပြိုင်မှုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်  ဇာတ်လမ်းလေးရဲ့အစမှာတော့ ပျော်စရာ ပါတီပွဲလေးနဲ့ စတင်ထားပေမယ့်လည်း ... အလှမယ်လေး ရိမ်း ကို ဒုက္ခပေးဖို့  လုပ်ကြံခဲ့တဲ့အတွက်ကြောင့် အလှမယ်လေးနဲ့အတူ  ပီးဆန် ဆိုတဲ့  မင်းသားလေး လည်း ကံမကောင်းစွာ သတိမေ့သွားပီး  ဆေးရုံတက်ခဲ့ရပါတယ် ... ပီးဆန်ရဲ့အမေရင်းဖြစ်သူ အဲလ် ဟာလည်း  ပီးဆန် အတွက် စိတ်သောကရောက် ပူပန်ခဲ့ရပုံ.... သားဖြစ်သူကို ဒုက္ခမရောက်စေချင်လို့ အမေအရင်း ဆိုတာကို ချမပြပဲ နေခဲ့တာကရော... ဘယ်လိုတွေ ဖြစ်လာမလဲ... သာယာ​နေတဲ့  မင်းသမီးမွတ်နဲ့ တန်ခွန် ချစ်သူနှစ်ဦးကြားကို  ဆွန်းပရို့ဆိုတဲ့ မွတ်ရဲ့ ရည်းစားဟောင်း ဝင်လာတဲ့အခါမှာ  သူတို့ ချစ်သူနှစ်ဦးကြားမှာ  ဘယ်လို  ပဋိပက်ခ တွေ ဖြစ်လာကြမလဲ ... သူတို့ သူငယ်ချင်းလေး ပီးဆန်ရဲ့ အမေရင်းကိုရော ဘယ်လိုကူညီပေးကြမှာလဲ .... အလှမယ်ရိမ်း ကတော့ ကုသမှုခံယူပြီးနောက်ဘန်ကောက်ကို ပြန်လာတဲ့အချိန်မှာ  ပီရုံ နဲ့အတူ မွတ်ကို နှောက်ယှက်တော့တာပေါ့..... မွတ်ရဲ့ အဖော်ဖြစ်သူ ပလာတို ကရော သူ့ရဲ့ မင

ပျယ်လွင့်သွားသောအရိပ်

Image
" ပျယ်လွင့်သွားသောအရိပ် "  ( completed )                                                 Main Cast : God Itthipat Thanit                      Richie Omrawadee                      Marina Sadanun Balenciaga ဇာတ်လမ်းအကျဥ်းလေးကတော့ ....  အေး နဲ့ မိုင် တို့က အမြွှာ နှစ်ယောက်ဖြစ်ကြပါတယ်... အေး နဲ့ မိုင် တို့ရဲ့ မိခင်ဖြစ်သူ  နာလင် က ယောကျာ်းကိုမုန်းတဲ့စိတ်၊ အနိုင်ယူချင်တဲ့ စိတ်တွေကြောင့် အေး ကို ယောကျာ်းလေးဖြစ်သော်ငြားလည်း မိန်းကလေးတစ်ယောက် လို ပြုမူနေထိုင်ဝတ်ဆင် ခိုင်းခဲ့ပါတယ်... လိင်စိတ်ထိန်းချုပ်ဆေးတွေ သောက်ခိုင်းတဲ့အထိပါပဲ...  တစ်နေ့မှာ အေး နဲ့ မိုင် က နျူယာဆိုတဲ့ကောင်လေးကို ချစ်ကြိုက်မိ သွားတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာမလဲ...  ဘယ်လို အငြှိုးအတေးတွေ ဒုက္ခတွေ ပေါ်ပေါက်လာမလဲ ဆိုတာကို ဒီ  "လောင်းရိပ်မိသော အချစ်" ဇာတ်ကားလေးမှာကြည့်ရှုလိုက်ရအောင်... ဒီကားလေး ဟာ တခြားကားတွေနဲ့ လုံးဝမတူတဲ့  ဇာတ်လမ်းအသစ်အဆန်းလေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး  Translated & Sub-timing & Encoded  by Mann Mawkunn  Original Song Tracks   เบาๆในใจ   /  by Marina Balenciaga สุดท้ายเหลือเพียงคำว่ารัก